၁၉၉ ခေါ် ပြီး ရဲတပ်ဖွဲ့ထံ တိုင်နိုင်ပြီ

0
431

အရေးပေါ် ကိစ္စရပ်များနှင့် မှုခင်း ကိစ္စများကို တိုင်ကြားခြင်း၊ သတင်းပေး ခြင်းများအတွက် ဖုန်းအမှတ် ၁၉၉ သို့ ခေါ်ဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြား အကူ အညီတောင်းခံနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်းမှMPT ဖုန်းဖြင့် ခေါ်ဆိုပါက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ ရောက်ရှိမည်ဖြစ်ပြီး တယ်လီနောနှင့် အော်ရီဒူးဖုန်းဖြင့် ခေါ် ဆိုပါက မြို့မရဲစခန်းကို ခေါ်ဆိုနိုင်မည် ဖြစ်သည်။

တိုင်းအတွင်းရှိ အခြား မြို့နယ်များ တွင်မူ ခေါ်ဆိုသည့် ဖုန်းဆင်းကတ် အပေါ်မူတည်ကာ တိုင်းရဲတပ်ဖွဲ့ရုံးနှင့် သက်ဆိုင်ရာ မြို့မရဲစခန်းများသို့ ရောက်ရှိမည် ဖြစ်သည်။
“တိုင်ကြားချင်တဲ့ကိစ္စ၊ အရေးပေါ် ကိစ္စတွေကို အချိန်မရွေး တိုင်ကြားနိုင် တယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ပြောသည်။
သက်ဆိုင်ရာ ရဲစခန်းများနှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးထံ ဖုန်းအမှတ် ၁၉၉ မှ တစ်ဆင့် ၂၄ နာရီ ခေါ်ဆိုနိုင်ကြောင်း သိရသည်။