မြိတ်တွင် H1N1 ရောဂါပိုးရှိ လူနာ ၂ ဦးတွေ့

0
476

မြိတ်တွင် ဩဂုတ်လ ၂၅ရက် အထိ H1N1 ရောဂါပိုးရှိ လူနာ ၂ ဦးကို တွေ့ရှိထားပြီး မြိတ်မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံ ယူနေကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်းထံမှ သိရသည်။

H1N1 ရောဂါပိုးတွေ့ရှိ လူနာ ၂ ဦးမှာ ကျွန်းစုမြို့နယ် ကမ်းမီးစပ်ရွာနေ အသက် ၉ နှစ်ရှိ အမျိုးသမီးငယ်တစ်ဦးနှင့် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု သင်္ဂမော်ရပ်နေ အသက် ၃၀ ကျော်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လူနာအခြေ အနေကောင်းကြောင်း မြိတ်ဆေးရုံကြီးမှ သိရသည်။