ထားဝယ်တွင် ကြက်ငှက်တုပ်ကွေး ကင်းစင်ပြီဟု အစိုးရကြေညာ

0
448

ထားဝယ်မြို့နယ်တွင် ကြက်ငှက် တုပ်ကွေးကင်းစင်ပြီဖြစ်ကြောင်း ဩဂုတ် လ ၂၅ ရက်တွင် တနင်္သာရီတိုင်း အစိုးရ အဖွဲ့က သတင်းထုတ်ပြန် လိုက်သည်။
ကြက်မွေးမြူရေးခြံများတွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို စနစ်တကျ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ရောဂါ ဖြစ်ပွားမှု ကင်းစင်ပြီ ဖြစ်သောကြောင့် ကြက်၊ ဘဲ၊ ကြက်ဥနှင့် ဘဲဥများကို ပြန်လည်ရောင်းချ ခွင့်ပြုကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သတ်မှတ်ထားတဲ့ဇုန်တွေကို ဖျက် သိမ်းပြီး လွတ်လပ်စွာသယ်ဆောင် ရောင်းချခွင့် ပြုလိုက်တာပါ”ဟု တိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်း အောင်က ဆိုသည်။
ကြက်၊ ဘဲများ ပြန်လည် မွေးမြူ ခွင့်ကိုမူ သီးခြားကြေညာချက် ထုတ်ပြန် သွားမည်ဟု ၎င်းက ပြောသည်။

ထားဝယ်တွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါကို ဩဂုတ်လ ၃ ရက် တွင် နောက်ဆုံး တွေ့ရှိခဲ့ပြီး နောက်ဆုံး တွေ့ရှိသည့်ရက်မှ စ၍ ၂၁ ရက် မြောက် ဖြစ်သည့် ဩဂုတ်လ ၂၄ ရက်အထိ ရောဂါထပ်မံဖြစ်ပွားမှု ရှိ /မရှိ စောင့် ကြည့်ခဲ့ခြင်း ဖြစ်သည်။

အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါH5N1 ကို ထားဝယ်မြို့ရှိ ကြက်ခြံအချို့တွင် ဇူလိုင်လလယ်ခန့်မှ စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၃ ရက်နေ့ အထိ ကြက်ကောင်ရေ နှစ်သောင်းကျော် နှင့် ဘဲကောင်ရေတစ်ရာကျော်တို့ကို ရှင်းလင်း သုတ်သင်ခဲ့သည်။