ဆိုင်ခန်းခ တစ်ရက် ကျပ် ၅၀၀ တန် ညဈေး ထားဝယ်တွင် ဖွင့်မည်

0
372

ထားဝယ်မြို့ ကမ်းနားလမ်းရှိ DDPC ဈေးဝယ်စင်တာရှေ့တွင် ည ဈေးတန်းကို လာမည့် စက်တင်ဘာလ ၁ရက်၌ စတင်ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အ များပိုင်ကုမ္ပဏီလိမီတက် (DDPC) ကုမ္ပဏီထံမှ သိရသည်။

DDPCshopping mall ရှေ့ရှိ မြက်ခင်းပြင်တွင် ခင်းကျင်း ရောင်းချခွင့် ပြုမည့် ညဈေးကို ညနေ ၃ နာရီမှ ည ၁၀နာရီအထိ နေ့စဉ် ဖွင့်လှစ်သွား မည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း ၅၀ ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း DDPC ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး အရာရှိ ဦးကျော်သိန်းနိုင်က ဆိုသည်။

ဆိုင်ခန်းတစ်ခန်းလျှင် အကျယ် အဝန်း ၁၀ ပေရှိပြီး ရေအသုံးပြုခ၊ မီး အသုံးပြုခနှင့် သန့်ရှင်းရေးအတွက် တစ် ရက်လျှင် ၅၀၀ကျပ်နှုန်း ကောက်ခံမည် ဖြစ်ပြီး အကင်၊ အအေး အစရှိသည့် အစားအသောက်များ ရောင်းချခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

“ညဈေးမှာ အရက်ဘီယာတော့ ရောင်းလို့ မရပါဘူး” ဟု ဦးကျော်သိန်း နိုင်က ပြောသည်။
ဩဂုတ်လ ၁၄ရက်နေ့အထိ ဆိုင် ခန်း ၃၀ကျော်အတွက် လာလျှောက်ထား ကြပြီး ဆိုင်ခန်းနေရာအတွက် လျှောက် ထားလိုက DDPC OFFICER ဖုန်း ၀၉၉၆၅၆၉၅၅၀၀ကို ဆက်သွယ်နိုင် ကြောင်း DDPCကုမ္ပဏီထံမှသိရသည်။

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီးနံဘေးရှိ ဈေးတောင်ဘက်လမ်း တွင်လည်း စည်ပင်သာယာရေးအဖွဲ့က စီစဉ်ဖွင့်လှစ်ထားသည့် ညဈေးတစ်ခုရှိ သည်။