အဖေဖြစ်သူ ရိုက်နှက်ဆုံးမရာမှ ၉ နှစ်အရွယ် သမီးငယ် သေဆုံး

0
410

အဖေက ရိုက်နက်ဆုံးမရာမှ ၉ နှစ်အရွယ် သမီးသေဆုံးခဲ့သည့် ဖြစ်ရပ် တစ်ခု မြိတ်ခရိုင်ကျွန်းစုမြို့နယ် ကျွဲခရံ ကျေးရွာအုပ်စု သံပြာကျေးရွာတွင် ဩ ဂုတ်လ ၁၇ ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အသက် ၂ နှစ်အရွယ် မောင်လေး ဖြစ်သူက ငိုယိုနေသည်ကို အစ်မဖြစ်သူ ကမထိန်းသောကြောင့် ငိုယိုနေခြင်းဖြစ် သည်ဟုဆိုကာ အဖေဖြစ်သူက ဒေါသ ဖြစ်ပြီး သမီးဖြစ်သူ၏ မျက်နာအား လက်သီးဖြင့်ထိုးခြင်း၊ ရိုက်နှက် ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်း စသည်တို့ကို ပြုမှုခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ယင်းကဲ့သို့ ကန်ခြင်းနှင့် ရိုက်နှက် ခြင်းတို့ကြောင့် သမီးဖြစ်သူ၏ မျက်လုံး များနှင့် ပါးတို့တွင် ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး နောက်တစ်နေ့ ဩဂုတ် ၁၈ မနက်စောစောတွင် ဖခင်ဖြစ်သူက သမီး အားအိပ်ရာမှ နှိုးရာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သဇင်နယ် မြေ ရဲစခန်းထံမှ သိရသည်။

ဦးအေးငယ်၏ ဇနီးဖြစ်သူမှာ လွန် ခဲ့သည့် ၄ လခန့်ကတည်းက လင်မယား ချင်းစကားများပြီး နေအိမ်မှ ဆင်းသွား ကြောင်းယင်းရဲစခန်းမှ သိရ သည်။
သမီးကို ရိုက်နက်ဆုံးမခဲ့သည့် ဖခင်ဖြစ်သူ ကို သဇင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း ယင်း ရဲစခန်းမှ သိရသည်။