ကော့သောင်းတွင် ဓမ္မရေးရာပြိုင်ပွဲ များ ကျင်းပ

0
452

ကော့သောင်းမြို့နယ် အဘိဓမ္မာ ပြန့်ပွားရေးအသင်းမှ ကြီးမှူး ကျင်းပ သည့် ဓမ္မရေးရာပြိုင်ပွဲများကို ဩ ဂုတ်လ ၁၄ ရက်နေ့က မဉ္ဇူသက ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင်ပါဠိတော် လက်ရေးလှပြိုင်ပွဲ၊ ဓမ္မစာစီစာကုံးပြိုင်ပွဲ၊ ဓမ္မပုံပြောပြိုင်ပွဲ၊ သုတစုံလင် ဓမ္မပဟေ ဠိ ပြိုင်ပွဲ ၄ မျိုးကို ကျင်းပခဲ့ပြီး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ မှ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့် ကျောင်း သူ၊ ကျောင်းသားများ အဖွဲ့လိုက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

“ကလေးတွေကို ဘုရားဝတ်ရွတ်စဉ် ပါဠိတော်တွေကို အလွတ်ရွတ်တတ် အလွတ်ရေးတတ်အောင်၊ လူငယ်တွေရဲ့ နှလုံးသားမှာ သာသနာတော်ကို ယုံ
ကြည် မြတ်နိုးစောင့်ရှောက်လိုစိတ် ကိန်း အောင်းလာဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်”ဟု အဘိဓမ္မာပြန့်ပွားရေး အသင်း အတွင်းရေးမှူး ဒေါ်တင်တင် အေးက ပြောသည်။

အဆိုပါပြိုင်ပွဲကို ပဉ္ဓမအကြိမ် ကျင်းပခြင်းဖြစ်ပြီး ဆုရရှိသည့် အဖွဲ့ များအား ဩဂုတ်လ ၁၅ ရက်တွင် ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်း ကော့သောင်းမြို့နယ် အဘိ ဓမ္မာပြန့်ပွားရေးအသင်းထံမှသိရသည်။