လိုင်စင်မဲ့ ဆိုင်ကယ်ဈေးကွက် သိပ်မလှုပ်

0
475

လာမည့်လတွင် လိုင်စင်မဲ့ဆိုင် ကယ်များကို ဒေသလိုင်စင် ပြုလုပ်ပေး မည်ဖြစ်သော်လည်း လိုင်စင်မဲ့ဆိုင်ကယ် ဈေးကွက် ထူးထူးခြားခြားလှုပ်ခတ်မှု မရှိကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ဆောင်နေသူ တစ်ချို့ ထံမှ သိရသည်။

ယခင်က လိုင်စင်ပြုလုပ်ချိန်က လိုင်စင်မဲ့ဆိုင်ကယ် ဝယ်ယူသူ များပြား ခဲ့ပြီး လက်ရှိအချိန်တွင်မူ ဝယ်ယူမှု သိ သိသာသာများလာခြင်းမရှိဟု ထား ဝယ်မြို့၊ ကမြောကင်းလမ်းရှိ ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင် ပိုင်ရှင်က ဆိုသည်။

“ဈေးနှုန်းတွေထွက်လာမှပဲ အရောင်း အဝယ်တွေ ရှိလာနိုင်တယ်၊ ဒါပေမယ့် အခုလိုင်စင်လုပ်ပေးမယ့် ကိစ္စကို သိပ် ပြီး ဖီးလ်မလာကြဘူးလို့ ထင်တယ်”ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့ အာဇာနည်လမ်းရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ကလည်း ယခင်ထက်အနည်းငယ်ရောင်း အားတက်သည်ဟု ပြောသည်။
ယခင်က တစ်ပတ်လျှင် လိုင်စင်မဲ့ ဆိုင်ကယ် ၂ စီးခန့်သာ ရောင်းရပြီး လက်ရှိအချိန်တွင် ၅ စီးခန့် ရောင်းရ ကြောင်း ၎င်းက ပြောသည်။

ဆိုင်ကယ်ဆိုင်အများစုမှာ ရောင်း အားပုံမှန်အတိုင်းသာဖြစ်ပြီး အချို့ဆိုင် များမှာမူ ရောင်းအား မြင့်တက်လာသည် ဟု ထားဝယ်မြို့ ဆိုင်ကယ်ဈေးကွက် အတွင်းမှ သိရသည်။