သုံးခရိုင် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ကျင်းပမည်

0
500

ထားဝယ်၊ မြိတ်၊ ကော့သောင်း သုံးခရိုင် စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ရွှေ ဝယ်သီရိအားကစားကွင်းရှိ စားပွဲတင် တင်းနစ် အားကစားရုံတွင် ဩဂုတ်လ ၂၇ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

ယင်းပြိုင်ပွဲကို တစ်ဦးချင်းနှင့် အသင်းလိုက်ပြိုင်ပွဲနှစ်မျိုး ယှဉ်ပြိုင်မည် ဖြစ်ပြီး ထားဝယ်၊ မြိတ် ခရိုင်တို့မှ နှစ် သင်းစီနှင့် ကော့သောင်းခရိုင်မှ တစ်သင်းပါ ဝင်မည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။

အသင်းတစ်သင်းတွင် ၂၅နှစ် အောက် ၂ဦးနှင့် ၂၅နှစ်အထက် ၂ ဦး ပါဝင်မည်ဖြစ်ပြီး တစ်ဦးချင်း ပြိုင်ပွဲ ကိုမူ ၂၅ နှစ်အောက် ကစားသမားများ က ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စားပွဲတင်တင်းနစ် အားကစား နည်းကို တိုင်းအတွင်းရှိ ကစားသမားများ စိတ်ဝင်စားမှုနည်းသဖြင့် အခြေခံပညာ ကျောင်းများတွင် ယင်းအားကစားနည်း ကို ကျောင်းသားများစိတ်ဝင်စားမှု ရှိလာ စေရန်သင်တန်းပေးခြင်း၊ ပြိုင်ပွဲများပြု လုပ်ပေးခြင်းဖြင့် စည်းရုံးလျက်ရှိကြောင်း တိုင်းအား/ကာထံမှ သိရသည်။