သတ္တုလုပ်ကွက် စောင့်ကြည့်ရေး လက်စွဲထွက်ပြီ

0
434

သတ္တုလုပ်ကွက် စောင့်ကြည့်ရေး အဖွဲ့များ လိုက်နာလုပ်ဆောင်ရမည့် အချက်များကို တိုင်းအစိုးရအဖွဲ့မှ ဩ ဂုတ်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် အတည်ပြု ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် သတ္တုတွင်းလုပ် ကွက်စောင့်ကြည့်ရေးအဖွဲ့များ လက် ကိုင်ထားရမည့် အခြေခံမူများ၊ စောင့် ကြည့်ရေးအဖွဲ့များ၏ အရည်အချင်းနှင့် လုပ်ငန်းတာဝန်ဝတ္တရားများနှင့် သတ္တု တူးဖော်ရေးလုပ်ငန်းများအား ကွင်းဆင်း ဆန်းစစ်ချက်ပုံစံများ ပါဝင်သည်။

ယင်းထုတ်ပြန်ချက်ကို သတ္တုလုပ် ကွက်စောင့်ကြည့်ရေးအဖွဲ့များအား ဖြန့်ဝေ အကြောင်းကြားသွားမည် ဖြစ်ပြီး သတ္တုတူးဖော် နေသည့် ကုမ္ပဏီများထံ သို့လည်း သိရှိပူးပေါင်းဆောင်ရွက် နိုင် ရန် ပေးပို့သွားမည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း သတ္တုတူး ဖော်ခြင်းလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအပေါ် စောင့်ကြည့်နိုင်ရန်သတ္တုတွင်း လုပ်ကွက် အလိုက် စောင့်ကြည့်ရေးအဖွဲ့များကို ၂၀၁၆ ခုနှင့် ဩဂုတ်လမှ စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းစဉ်က လုပ် ဆောင်ရမည့် လုပ်ငန်းတာဝန်နှင့် အခြား အချက်အလက် အသေးစိတ်မပါဝင်ပေ။

လုပ်ငန်းတာဝန် အသေးစိတ် အချက်အလက်များ မပါဝင်သဖြင့် သတ္တုကုမ္ပဏီနှင့် စောင့်ကြည့်ရေးအဖွဲ့ များအကြား မကျေလည်မှုများ ဖြစ်ပေါ် ခဲ့ကြကြောင်း စောင့်ကြည့်ရေးအဖွဲ့များ က ပြောသည်။
ထို့ကြောင့် ထားဝယ်ခရိုင်အတွင်းရှိ စောင့်ကြည့်ရေးအဖွဲ့များက သတ္တုတူး ဖော်ရေးလုပ်ငန်းများအား လက်တွေ့ ကျကျ ကွင်းဆင်းစိစစ်နိုင်ရန်အတွက် “မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာ ဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့((MATA) တနင်္သာရီ”၏ အကူအညီဖြင့် အစီရင်ခံစာ စုပေါင်းရေး သားကာ ဇူလိုင်လ ၂၁ရက်တွင် တိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြသည်။

ယင်းအစီရင်ခံစာအား တိုင်းဒေသ ကြီး အစိုးရအဖွဲ့အစည်းအဝေးတွင် တင် သွင်းဆွေနွေးပြီး သတ္တုစောင့်ကြည့်ရေး အဖွဲ့များအတွက်ယခုလက်စွဲကို ထုတ် ပြန်ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့် မောင်က ပြောသည်။
“ထူးထူးဆန်းဆန်း ရေးထားတာ မဟုတ်ဘူး၊ ကိုယ့်အတွေးနဲ့ကိုယ် ရေး ထားတာမဟုတ်ဘူး၊ သတ္တုတွင်း ဥပဒေ အရသာလျှင်ပဲ အခြေခံပြီး ပြန်ရေးထား တာပါ၊ ကုမ္ပဏီတွေဘက်ကိုလည်း ပူး ပေါင်းဆောင်ရွက်ဖို့ အမှတ်(၂) သတ္တု တွင်းက စာထုတ်ဖို့ရှိပါတယ်”ဟု ဝန်ကြီး ဦးမြင့်မောင်ကဆိုသည်။

အစိုးရအဖွဲ့မှ ယခုထုတ်ပြန်လိုက် သည့် လက်စွဲသည် ဒေသခံစောင့်ကြည့် ရေးအဖွဲ့များ စုပေါင်းရေးဆွဲ တင်ပြထား သည့် အစီရင်ခံစာပါ အချက်များနှင့် ထူးခြားသည့် ကွဲပြားမှု မရှိဟု ((MATA) ၏ တနင်္သာရီတိုင်းဒေသကြီး အလုပ် အဖွဲ့ဝင် ဦးသန့်ဇင်က ပြောသည်။
“စောင့်ကြည့်ရေးအဖွဲ့တွေ ဆွေး နွေးထားတဲ့အတိုင်းပဲ အတည်ပြု ပေး ထားတော့ အင်မတန် ကောင်းတာပေါ့၊ အဓိကက သတ္တုတွင်းတွေ ဘာကြောင့် စောင့်ကြည့်သင့်လဲဆိုတဲ့မူတွေကို စောင့် ကြည့်ရေးအဖွဲ့တွေရော အစိုးရဌာနတွေ ရော ကုမ္ပဏီဘက်ကရော ရေရေလည် လည် လက်ခံနိုင်ဖို့လိုပါတယ်” ဟု ဦးသန့်ဇင်က ပြောသည်။

သတ္တုတူးဖော်ရေးပြဿနာရပ်များ ဖြေရှင်းရာတွင် လူထု၏ပါဝင်မှုကို အစိုး ရက အာမခံချက်ပေးမှုဖြစ်ပြီး ကျန်သည့် တိုင်းနှင့် ပြည်နယ်များနှင့် ယှဉ်ပါက တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ အဦးဆုံး လုပ်ဆောင်နိုင်မှုအပေါ် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်း ဦးသန့်ဇင်က ပြောသည်။
ယင်း ထုတ်ပြန်အကြောင်းကြား စာမှာ ဩဂုတ်လ ၁၈ ညနေအထိ စောင့် ကြည့်ရေးအဖွဲ့များထံ မရောက်သေး ကြောင်း ထားဝယ်ခရိုင်အတွင်းရှိ သတ္တု စောင့်ကြည့်ရေးအဖွဲ့ဝင် အချို့ထံမှ သိရသည်။