လောင်းလုံး ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ မောင်းမကန်အသင်းဗိုလ်စွဲ

0
365

လောင်းလုံးမြို့နယ် အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲတွင် မောင်းမကန် အ.ထ.က အသင်းက ဗိုလ်စွဲခဲ့ကြောင်း မြို့နယ်အား ကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဖလား အသက် ၁၆ နှစ်အောက် ဗိုလ်လုပွဲကို လောင်းလုံးမြို့နယ် မြို့မ အားကစားကွင်းတွင် ဩဂုတ်လ ၁၅ ရက်၌ ကျင်းပခဲ့ပြီး မောင်းမကန် အ.ထ.က အသင်းက လောင်းလုံး အ.ထက အသင်းကို သုံးဂိုး ဂိုးမရှိဖြင် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။