ထားဝယ်တက္ကသိုလ်တွင် ယဉ်ကျေးမောင်ပြိုင်ပွဲ ပထမဆုံးအကြိမ်ကျင်းပမည်

0
336

ထားဝယ်တက္ကသိုလ်တွင် ယဉ် ကျေးမောင်ပြိုင်ပွဲကို ပထမဆုံးအကြိမ် အဖြစ် ကာယဗလမောင်၊ ကာယကြံ့ခိုင် မှုမယ်၊ အနုပညာစွမ်းရည်ပြိုင်ပွဲ စသည် တို့နှင့်အတူ ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း ယင်းတက္ကသိုလ်အားကစား ဌာနထံမှ သိရသည်။

ပြိုင်ပွဲကို ထားဝယ်တက္ကသိုလ် ဘွဲ့ နှင်းသဘင်ခန်းမတွင် ဩဂုတ်လ ၂၆ ရက်၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ကျောင်းသားများက တိုက်ပုံအင်္ကျီနှင့် ပုဆိုးတို့ကိုဝတ်ဆင်ကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း အားကစားဌာနမှ အား ကစားနည်းပြ ဒေါ်နီနီဝင်းက ပြောသည်။

“ဒီနှစ်မှ ယဉ်ကျေးမောင်ပြိုင်ပွဲ တိုးလာတာ”ဟု ဒေါ်နီနီဝင်းက ပြော သည်။
ယဉ်ကျေးမောင်ပြိုင်ပွဲဝင်မည့် ကျောင်းသား ၁၆ ဦးရှိကြောင်း သိရ သည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာ့ယဉ်ကျေး မှုကို ထိန်းသိမ်းသည့်အနေဖြင့် ထည့် သွင်း ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။