ပြောင်းလဲသွားသည်. ဇာတိရွာ

0
396

မျက်လုံးမှိတ်ပြီး ပြန်တွေးမိတိုင်း ကြည်နူးလွမ်းဆွတ်ဖွယ် တသီကြီး ပေး သည်။
ရလိုင်။
ရှေးအခေါ်ဆင်အိုင်မှ ကာလရွေ့ လျားလာသဖြင့် ရလိုင် ဖြစ်လာသည်။ ထားဝယ်မြို့မှ ၁၀ မိုင်ကျော်ခရီးရှိသည်။
ရွာအကြောင်း တွေးတိုင်း ရလိုင် ချောင်းက မပါမဖြစ်။ ချောင်းနှင့် ရွာကြား ရှိ လယ်ကွင်းများသည် မိုးရာသီဆို စပါးစိုက်၊ နွေရောက်ပြီဆို ကစားကွင်း အဖြစ် အသုံးတော်ခံသည်။

ငယ်စဉ်က ထုပ်ဆီးထိုးရာ၊ ဘော လုံးကန်ရာ၊ လူကြီးများ၏ ဘော်လီဘော ကစားရာ၊ ခြင်းလုံးခတ်သည့်နေရာ။ လယ် ကန်သင်းရိုးတစ်လျှောက်နှင့် ချောင်းကမ်း နဖူးတစ်လျှောက် စိုက်ပျိုးထားသည့် ထန်း ပင်တန်းသည် ညနေစောင်းအချိန်တွင် ကာလသားများနှင့် ထန်းရည်ချစ်သူများ ၏ဝိုင်းဖွဲ့ရာ။
အသက်လေးဆယ် ငါးဆယ်အရွယ် ကျွန်တော့်ဦးလေး၊ ဦးကြီးများနှင့် သူတို့ ၏အပေါင်းပါများ ထန်းရည်မူးပြီး စကား များရန် ဖြစ်နေချိန် ကျွန်တော့် အဖွားက တုတ်နှင့်လာရိုက်၍ ၀ရုန်း သုန်းကားဖြင့် ထွက်ပြေးကြသည့် မြင်ကွင်းကို ယနေ့ အထိ မြင်ယောင် နေဆဲ၊ တွေးမိတိုင်းပြုံး မိနေဆဲ။

ထိုထန်းပင်တန်းများသည် ကျွန် တော်တို့ ထန်းသီးနုခူးစားရာနေရာလည်း ဖြစ်သည်။ ညနေစောင်းအချိန် လယ်ကွင်း ထဲဆင်းပြီး ရောင်စုံတိမ်ပန်းချီကားနောက် ခံနှင့် အိပ်တန်းပြန်ငှက်များ အုပ်စုဖွဲ့ပျံ သန်းသွားသည်ကို ကြည့်ရသည့် အရ သာမှာ ယခုအချိန်ထိ စွဲလမ်းနေဆဲ။ လယ်ကွင်းထဲ လွှတ် ကျောင်းထားသည့် ကျွဲနွားများ၏ကျောပေါ်တွင် နားနေတတ် သည့် ဗျိုင်းဖြူဖြူများနှင့် အခြားငှက် ငယ်များ။

ညနေစောင်းဆိုလျှင် ဆက်ရက်ငှက် များက ဆူဆူညံညံအသံပေးပြီးမှ အိပ် တန်းတက်တတ်ကြသည်။ ညသန်းခေါင် အချိန် ရွာအရှေ့ဘက် သင်္ချိုင်းအစပ်မှ ရုတ်တရက်ကြားရတတ်သော တစ်တီ တူးငှက်အော်သံများမှာ ကျွန်တော်တို့ ကလေးငယ်များအတွက် သည်းထိတ်ရင်ဖို အဖြစ်ရဆုံး။ တစ်တီတူးငှက်အော်သံကြား ပြီဆိုလျှင် ဇောချွေးပြန်ပြီး တော်တော်နှင့် အိပ်၍မပျော်တော့ပေ။

လယ်ကွင်းစပ်တွင် ရောင်စုံလိပ်ပြာ လေးများ ပေါများသကဲ့သို့ ပုစဉ်းကောင် လေးများလည်း ပေါသည်။ ပုစဉ်းကောင် လေးများကို ဖမ်းပြီး အမြီးပိုင်းတွင်းသို့ မြက်ထောက်ခွကို ထိုးသွင်းကာ ရဟတ် ယာဉ်လုပ်တမ်းကစားဖူးသည်။ အသက် ရလာမှ ဝဋ်လည်မည်ကို စိုးရိမ်နေမိပြန် သည်။ အခုတော့ မည်သည့်အကြောင်း ကြောင့် မှန်းမသိ လိပ်ပြာလေးများလည်း သိပ်မတွေ့ရတော့သကဲ့သို့ ပုစဉ်းကောင် လေးများလည်း ရှားပါးသွားပြီ။ ကြာလာ လျှင် မျိုးတုံးသွားလေမလား မသိ။
ရွာမြောက်ပိုင်းရှိ ကုန်းမြင့်ပိုင်းလေး ပေါ်မှာတော့ ကျွန်တော့်ဘ၀၏ အမှတ် တရ များစွာ တည်ရှိရာ စာသင်ကျောင်း။

ယခင်တွဲဖက် အလယ်တန်းကျောင်း မှ ယခုအခြေခံ ပညာအထက်တန်းကျောင်း ခွဲ ဖြစ်နေပြီ။ ထိုကျောင်းတွင် ကျောင်း သားအဖြစ် တစ်မျိုး၊ စာရေးဝန်ထမ်းအဖြစ် တစ်ဖုံ၊ ရွာငှားဆရာအဖြစ် တသွယ်ဖြတ် သန်းဖူးသည်။
ကျောင်းအပေါ်ထပ်ဝရံတာမှ အရှေ့ ဘက် ကြည့်လိုက်လျှင် လယ်ကွင်းပြင် ကြီးရှိသလို၊ လယ်ကွင်း များနံဘေးမှ ဖြတ်သန်းပြီးစီးဆင်းနေသည့် ချောင်းရိုး ကလေး။ ချောင်းအရှေ့ဘက်တွင်မူ တော တန်းလေးနှင့် ခပ်လှမ်းလှမ်းမှ အနိမ့်အမြင့်
မတူညီသည့် တောင်နှင့်မြောက်သွယ်တန်း နေသော တောင်ပြာတန်းလေးက မိုး
ကုပ်စက်ဝိုင်းနှင့်ထိစပ်၍နေတော့သည်။

ထိုတောင်တန်းများတွင် တစ်ခုသော တောင်ပေါ်မှနေ၍ ရေများသည် တစ် တောင်လုံးနီးပါးယှက်ဖြာ စီးဆင်းနေပြီး နေသာသည့် အချိန်ဆိုလျှင် နေရောင် အောက်၌ ဖြူဖြူ ဖွေးဖွေးရေစီးကြောင်းများက တောင်လုံးအနှံ့ဖြာကျနေတတ် သည်။
ထိုမြင်ကွင်းသည် မည်သည့်အချိန် တွင်မျှ ရိုးအီမသွားသော တန်ဖိုးမဖြတ် နိုင်သည့် သဘာဝပန်းချီကားတစ်ချပ်
ပင်။

ညကျောင်း ဖွင့်ချိန်ဆိုလျှင် ကျောင်း အပေါ်ထပ် ၀ရံတာမှနေ၍ အရှေ့ဘက် တောင်တန်းများပေါ် မေးတင်ပြီး ခေါင်း ပြူထွက်လာတတ်သည့် လမင်းကြီးကို ငေးကြည့်ရသည်မှာ စိတ်ကြည်နူးဖွယ် ကောင်းလှသည်။ လရောင်အောက်တွင် ငြိမ်းချမ်းစွာ အိပ်မောကျနေတတ်သည့် တောင်တန်းကြီးကို မြင်တွေ့ရသည်မှာ ဧရာမမြွေကြီးတစ်ကောင်နှင့်ပင်တူနေ တော့သည်။ အခုတော့လည်း မြင်ကွင်း များကို ကြည့်ခွင့်မရခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုစာပင် ပြည့်တော့ပေမည်။ မည်
သည့်အချိန်ရောက်မှ ပြန်လည်ခံစားခွင့်ရ လေမည်မသိ။

လွမ်းမောမှုများဖြင့် အတိတ်ကို ပြန် မြင်ယောင်နေသော်လည်း ဇာတိမြေမှာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေသည်။
ငယ်စဉ်က ရေကူးနေကျနေရာရှိ သစ်သားတံတားအိုလေးသည်လည်း သံ ကူကွန်ကရစ်တံတားတစ်စင်း ဖြစ်နေပြီ။ ထိုသစ်သားတံတားအိုသည် ငယ်စဉ်က ချောင်းရေကူးချိန်တွင် ဒိုင်ဗင်ထိုးသည့် စင်တစ်ခုလည်း ဖြစ်သည်။ ချောင်းရေ လျှံချိန်ဆို တံတားမှာ ရေအောက်ရောက်
သွားတော့သည်။ မှတ်မှတ်ရရ ရေအလွန်ကြီးသည့် နှစ်တစ်နှစ်တွင် မနက်မိုးလင်း ချိန်၌ တံတားတစ်စင်းလုံးပျောက်သွားခဲ့ ဖူးသည်။ ညဖက်တွင် ရေနှင့်အတူ မျော ပါသွား၍ ဖြစ်သည်။

အရင်က ဗွက်ထပြီး မိုးရာသီတွင် သွားလာရ ခက်ခဲ၍၊ နွေရောက်လျှင် ဖုန် တထောင်းထောင်းထ နေတတ်သည့် ရေ ဖြူနှင့် ထားဝယ်ကို အနောက်ဘက်ကြော
မှ ဆက်သွယ်ထားသော ရွာမှဖြတ်သွား သည့် ကားလမ်းမှာလည်း ကတ္တရာလမ်း မဖြစ်နေပြီ။

အရင်ချိန်က တစ်ရွာနှင့် တစ်ရွာကြား အိမ်ခြေပြတ်၍ ကြောက်လန့်ခဲ့ရသည့် နေရာများလည်း ယခုအချိန်တွင် အိမ်
ခြေထူထပ်၍ တစ်ရွာနှင့် တစ်ရွာဆက်စပ် သွားပြီဖြစ်သည်။ ယခင်က ရေနံဆီမီးခွက် ကိုသာ အားကိုးခဲ့ရပြီး လျှပ်စစ်နှင့်ပတ် သက်လျှင် လက်နှိပ် ဓာတ်မီးလောက်ကို သာ အသုံးပြုခွင့်ရသော ကျွန်တော်တို့ရွာတွင် ယခုအချိန်တွင်တော့ ဓာတ်အားလိုင်းက ရွာကိုရောက်နေပြီး ထရမ်စဖော် မာများပင် တပ်ဆင်ထားပြီး ဖြစ်သည်။ ဓာတ်အားကိုတော့ သုံးစွဲခွင့် မရကြသေး ပေ။

အရင်က ကျွန်တော်တို့ ကလေးတစ် သိုက် လှည်းမောင်းသမားမသိအောင် နောက်မှလိုက်၍ခိုစီးခဲ့ဖူးသော နွားလှည်း များလည်း မရှိတော့။ ဆိုင်ကယ်၊ ထော်
လာဂျီနှင့် ကားများက အစားထိုးနေရာ
ယူနေပေပြီ။ အရင်က နွားလှည်းမောင်း သူများမှာ ယခုအချိန်တွင် ကားမောင်း သူများဖြစ်၍နေပေပြီ။ အရင်က တောင် သူယာခုတ် ကြက်မွေး၊ ဝက်မွေးအလုပ် များဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ရ သူများမှာ ယခုအချိန်တွင်တော့ ရော်ဘာ ခြံပိုင်ရှင်၊ သီဟိုဠ်ခြံပိုင်ရှင်၊ ကွမ်းသီးခြံပိုင်
ရှင်များဖြစ်နေကြပေပြီ။ တချို့မှာ အမှု ထမ်း၊ အရာထမ်းများ၊ ဝန်ထမ်းများဖြစ် နေကြပြီဖြစ်သကဲ့သို့၊ တစ်ချို့မှာဆောက်
လုပ်ရေးလုပ်ငန်းရှင်များ ဖြစ်၍နေပေပြီ။

အိမ်ခြေရာခြေများလည်း အရင်က ထက်ကောင်းမွန်သန့်ပြန့်လာကြပြီ ဖြစ် သည်။ ရုပ်ပိုင်းဆိုင်ရာများမှာ အတော် ပင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။ ရွာလမ်းမ မှာလည်း ပေတစ်ရာလောက် ကျယ်သည့် လမ်းမကြီးဖြစ်၍ နေပေပြီ။
သို့သော် အရင်က လမ်းဘေးဝဲယာ တစ်လျှောက် အုံ့ဆိုင်းနေတတ်သည့် သစ် ပင်ကြီးများ မရှိတော့။

ပြောင်းလဲခြင်းများထဲတွင် အကောင်း ဘက်သို့ ဦးတည်သည့် ပြောင်းလဲခြင်း ရှိသကဲ့သို့ အဆိုးဘက်သို့ ဦးတည်သည့် ပြောင်းလဲခြင်းမျိုးလည်း ရှိပေသည်။
ကျွန်တော်တို့ ဆယ်ကျော်သက်အ ရွယ်က ရွာတွင် ဘောလုံးကန်မည်ဆိုလျှင် ဘောလုံးအသင်း သုံးလေးသင်းစာခန့်ရှိ သည်။ ယခုအချိန်တွင်တော့ ဘော်လုံး အသင်းတစ်သင်းစာအတွက်ပင်လျှင် တောင့်တင်းသည့် လူဦးရေ မရှိတော့ပေ။

လူငယ်များမှာ အားကစားထက် စီးက ရက်၊ အရက်၊ ဘီယာနှင့် ဂိမ်းများကို ပို၍စွဲလန်းနေပေပြီ။ ဘိလိယက်ခုံများ တွင် တစ်နေကုန် အချိန်ဖြုန်းတတ်သော လူငယ်များက ပိုများ၍ နေပေပြီ။ အဆိုး ဆုံးမှာ စိတ်ကြွမူးယစ်ဆေးဝါး၏သား ကောင်များ ဖြစ်နေခြင်းပင်။ တချို့မှာ ကိုယ်တိုင်လည်း သုံးစွဲသကဲ့သို့ တစ်ဆင့် ပြန်လည်ဖြန့်ဖြူးသူများပင်ဖြစ်နေကြ သည်ကို ကြားသိနေရသည်။
မူမမှန်သည့် မျက်ဝန်းတစ်စုံအောက်က မျှော်လင့်ချက်ပျောက်ဆုံးနေကြသည့် လူငယ်များ၏အကြည့်မှာ ခြောက်ကပ်
လွန်းလှသည်။

များစွာသော အခြားအပြောင်းအလဲ များလည်း ရှိပေသည်။
ကောင်းသည့် အပြောင်းအလဲများကို မည်သို့ ထိန်းသိမ်းပြီး အဆိုးဘက်သို့ ဦးတည်နေသည့် အပြောင်းအလဲများကို မည်သို့ ဖယ်ဖျက်မည်မှာမူ ကျွန်တော်တို့ အားလုံး၊ အထူးသဖြင့် ဇာတိသားများ အားလုံး၏ တာဝန်ဖြစ်သည်။