သဇင် အ.ထ.က ကျောင်းတွင် စာစစ်ဌာန ဖွင့်လှစ်မည်

0
591

ကျွန်းစုမြို့နယ်အတွင်းရှိ သဇင် အခြေခံပညာ အထက်တန်းကျောင်းကို တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအဖြစ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြား သည်။

ဩဂုတ်လ ၁၈ ရက်က ကျင်းပ သည့် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ကျွန်းစုမြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးဇော်ဟိန်းက သဇင်အခြေခံပညာအထက်တန်းကျောင်း ကို တက္ကသိုလ်ဝင်တန်းစာစစ်ဌာနအဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဖွင့် လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ် သည်။

သဇင်ကျေးရွာအနီးတစ်ဝိုက်တွင် ပန်းဇင်ကျေးရွာ အထက်တန်းကျောင်း၊ ညောင်ဘီးကျေးရွာ အထက်တန်းကျောင်း နှင့် မောင်းလှော်ကျေးရွာ အထက်တန်း ကျောင်းခွဲများ ရှိသည်။
အဆိုပါ ကျောင်း ၄ ကျောင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်း သူ ၄၀၀ ဝန်းကျင်သည် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုရန် နှစ်စဉ်နှစ်တိုင်း လှိုင်းဒဏ်၊ လှေဒဏ်ခံကာ ရေမိုင် ၂၅ မိုင်ဝေးသည့် ကျွန်းစုမြို့တွင် သွားရောက် ဖြေဆိုကြရသည်ဟု အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

“ပင်လယ်ပြင်ကိုဖြတ်ပြီး ကျွန်းစု မြို့မှာ သွားဖြေနေရတာကိုက အင်မ တန်မှ အခက်အခဲဖြစ်နေရတာပါ”ဟု ဦးဇော်ဟိန်းက ဆိုသည်။
စာမေးပွဲဖြေမည့် ကျောင်းသူ ကျောင်းသားများအပြင် ကျောင်းသား မိဘများ၊ ကြီးကြပ်သူ (ဆရာ၊ ဆရာမ များ) လိုက်ပါရသည့်အတွက် စုစုပေါင်း လူဦးရေ ၆၀၀ ဝန်းကျင်ခန့်သည် ကျွန်း စုမြို့သို့ သွားရောက်ရသဖြင့် ဘုန်းကြီး ကျောင်းများတွင် ပြည့်ကျပ်စွာတည်းခိုရ ခြင်း၊ အလုပ်အကိုင်ပစ်သွားလာရခြင်းနှင့် ငွေကြေးအကုန်အကျများခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရသည်ဟု ၎င်း က ဆိုသည်။

သဇင်ကျေးရွာရှိ စာသင်ကျောင်း တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာန ဖွင့်ပေးမည် ဆိုပါက ပန်းဇင်၊ မောင်းလှော်နှင့် ညောင်ဘီးရွာတို့ရှိ ကျောင်းသား၊ သူများ အချိန်တိုအတွင်း သွားလာရ လွယ်ကူနိုင်မည်ဖြစ်ကြောင်း သဇင်ကျေးရွာသားအချို့ထံမှသိရသည်။