ဘက ကျောင်းသားဦးရေ ထောင်ချီလျော့နည်း

0
339

တိုင်းအတွင်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် ပညာသင်ကြားနေသည့် ကျောင်းသားဦးရေမှာ ယမန်နှစ်ထက် ၁၁၀၀ ဦးခန့် လျော့နည်းသွားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ဘက ကျောင်းများရှိ ကျောင်းသားဦးရေ ကိုး ထောင်ကျော်(၉၅၃၇ ဦး)ရှိရာမှ လက်ရှိ ပညာသင်နှစ်တွင် ရှစ်ထောင်ကျော် (၈၄၃၅ ဦး)သာ ပညာသင်ကြားနေ ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

၂၀၁၇ ပညာသင်နှစ်တွင် တနင်္သာ ရီတိုင်းအတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၅၀ ကျောင်း ရှိပြီး ယမန်နှစ်က ၅၁ ကျောင်း ရှိသည်။
“ကျောင်းသားတွေလည်း နည်းလာ သလိုသင်တဲ့ ဆရာဦးရေလည်း နည်း လာတယ်”ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘကကျောင်းများတွင် သင်ကြား ပေးနေသည့် ဆရာ၊ ဆရာမဦးရေမှာ ပြီးခဲ့သည့်နှစ်က ၃၉၉ ဦးရှိရာမှ လက် ရှိတွင် ၃၅၇ ဦးသာ ရှိသည်။

ယင်းသို့ လျော့နည်းခြင်းသည် ဘက ကျောင်းသားများ အစိုးရ စာသင် ကျောင်းသို့ ပြောင်းခြင်း၊ ထိုင်းနိုင်ငံ ရောက် မိဘများက လာခေါ်သွားခြင်း အစရှိ သည့် အကြောင်းများကြောင့် ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဘကကျောင်း တစ်ကျောင်းမှ အသက် ၆၅ နှစ်အရွယ်ရှိ ပရဟိတ ဆရာ တစ်ဦးက ၎င်း၏အမြင်ကို ပြော သည်။
တိုင်းအတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အလယ်တန်း အဆင့် ကျောင်းသား ၂၁၆၆ ဦးနှင့် မူလ တန်းအဆင့် ကျောင်းသား ၆၂၆၉ ဦး ရှိသည်။