ထားဝယ်ရေနက်ဆိပ်ကမ်း အလုပ်ခေါ်ယူမူ သက်ဆိုင်ရာသို့ အကြောင်းမကြား

0
646

ပြီးခဲ့သည့် အပတ်က ထားဝယ် ဒေသတွင်း ဟိုးလေးတကျော်ဖြစ်ခဲ့သည့် ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် အလုပ် ခေါ်ယူနေမှုအား သက်ဆိုင်ရာသို့အကြောင်း
ကြားထားခြင်း မရှိဟု အဆိုပါဌာနများမှ သိရသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ မဟာစီမံကိန်း(Master Plan)ရေးဆွဲနေဆဲဖြစ်ပြီး လက်ရှိ အလုပ်ခေါ်သည့်ကိစ္စမှာ တစ်ခုခုမှား ယွင်းနေသည်ဟု ထားဝယ် အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တွဲဖက် အတွင်းရေးမှူး-၁ ဖြစ်သူ ဦးမျိုးမြင့်ဦး က ဆိုသည်။

“အလုပ်တွေ တဝုန်းဝုန်းခေါ် လောက်အောင် အဲလိုကြီးတော့ မဟုတ် သေးဘူးဗျ၊ တစ်ယောက်ယောက်က လျှောက်ပြီးတော့ တမင်တကာလုပ် သလား ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ တော့ မသိဘူးဗျ”ဟု ဦးမျိုးမြင့်ဦးက ပြောသည်။
အလုပ်သမားခေါ်ပါက သက်ဆိုင် ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများကို အကြောင်းကြားရ မည်ဖြစ်ပြီး ခေါ်ယူမှု၊ ရွေးချယ်မှု၊ အလုပ် ခန့်မှု စသည့် အဆင့်တိုင်းတွင်လည်း အကြောင်းကြားရမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးကဆိုသည်။

“အလုပ်သမားခေါ်စာ ရုံးကို တရား ဝင်ရောက်လာတာမျိုး မရှိပါဘူး”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဟန်ဝင်း အောင်က ပြောသည်။
ရေနက်ဆိပ်ကမ်းအတွက် အလုပ် သမားလိုသည်ဟု ထိုင်းကုမ္ပဏီတစ်ခုက တစ်ဆင့်ခံခေါ်ခိုင်းသည့်အတွက် ခေါ်ယူ နေခြင်းဖြစ်ပြီး လာလျှောက်သူများကို မည်သည့်အချိန်တွင် အလုပ်ရမည်ကိုမူ အာမခံခြင်းမရှိဟု ပြောဆိုထားကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တွင် ကြော် ငြာကာ အလုပ်လျှောက်လွှာ လက်ခံနေ သည့် အမျိုးသားက ဆိုသည်။

လက်ရှိအချိန်ထိ အလုပ်လျှောက် လွှာ ၃၅၀ ခန့် လာလျှောက်ထားကြပြီး ခေါ်ယူမည့် အလုပ်သမားများမှာ တော ရှင်းခြင်း၊ ပန်းရံအလုပ်စသည့် ကျပန်း အလုပ်များ လုပ်ရမည်ဟု ထိုင်းကုမ္ပဏီ သူဌေးက ပြောဆိုကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

“လျှောက်လွှာအတွက် ငွေကြေး တစ်ပြားမှ ကောက်ခံတာမလုပ်ဘူး၊ သဘောရိုးနဲ့ခေါ်ပေးနေတာပါ”ဟု အဆို ပါ အမျိုးသားက ပြောသည်။
အမျိုးသား အလုပ်သမား တစ်ဦး လျှင် တစ်ရက်လုပ်အားခ ဘတ် ၇၀၀ နှင့် အမျိုးသမီး အလုပ်သမားတစ်ဦး လျှင် တစ်ရက် လုပ်အားခ ဘတ် ၅၀၀ ရမည်ဟုကြေညာကာ အလုပ်ခေါ်နေ ခြင်း ဖြစ်သည်။