မြိတ်တွင် ကမ်းဝေးငါးဖမ်းရေ ယာဉ်တစ်စီး မီးလောင်၊ ရေလုပ်သား ၂ ဦးသေဆုံး

0
432

မြိတ်ကျွန်းစုရေပြင်တွင် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ကမ်းဝေး ငါးဖမ်းရေယာဉ်တစ်စီး မီး လောင်မှုဖြစ်ပွားခဲ့ကာ ရေလုပ်သား ၂ ဦး သေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်း နှင့် ယင်းလှေပေါ်ပါ ရေလုပ်သားများထံမှ သိရသည်။

ကမ်းဝေးငါးဖမ်းလှေသည် သန်း ထွန်းအောင် ၂၁ အမည်ရှိ သီတာကုမ္ပ ဏီပိုင်ဖြစ်ပြီး ကျွန်းစုရေပြင်စောမွန်လှ ကျွန်း၏ အနောက်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာတွင် စက်ခန်းတွင်းမှ ပေါက်ကွဲသံ ထွက်ပေါ်ပြီး မီးစတင် လောင် ကျွမ်းခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

ယင်းကဲ့သို့ မီးလောင်စဉ် စက်ခန်း အတွင်းရှိနေသည့် စက်ဆရာနောက် လိုက် (စက်ဆရာငယ်) ကိုသက်နိုင် ၃၂ နှစ်မှာ မီးထဲပါသွားပြီး စက်ဆရာကြီး မှာ ဒဏ်ရာများဖြင့် ညတွင်းချင်း မြိတ် ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း လှေ ပေါ်ပါရေလုပ်သား တချို့က ပြော ပြသည်။

“စက်ဆရာငယ်က မီးလောင်တာနဲ့ စက်ခန်းထဲမှာ သေသွားတာပါ” ဟု ယင်းလှေတာဝန်ခံ ဦးပိုရှန်က ပြော သည်။
မီးလောင်မှုဖြစ်ပွားသဖြင့် ငါးဖမ်း လှေပေါ်ရှိ ရေလုပ်သားများ ရေထဲခုန်ချ ပြီးရှောင်တိမ်းခဲ့ရကာ အနီးဝန်းကျင်မှ ငါးဖမ်းလှေတချို့က ရေလုပ်သားများ အား ဆယ်ယူပြီး မီးစွဲလောင်နေသည့် ငါးဖမ်းရေယာဉ်အား မီးငြိမ်းသတ်ပေးခဲ့ ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ပြင် မီးလာင်ဒဏ်ရာဖြင့် ဆေးရုံ တင်ထားရသူ ဦးသန်းစိုး ၄၆ နှစ်အရွယ် စက်ဆရာကြီးသည် ဩဂုတ်လ ၁၄ ရက် နေ့ မနက်ပိုင်းအချိန်တွင် ရရှိဒဏ်ရာများ ဖြင့် သေဆုံးသွားကြောင်း မြိတ်ဆေးရုံ ကြီးမှ သိရသည်။