မွန်တွင် သောက်ရေသန့်လုပ်ငန်း ၃ ခုအား ထုတ်လုပ်ရောင်းချခြင်း မပြုရန် တားမြစ်

0
475

မွန်ပြည်နယ်အတွင်း ရေသန့်ထုတ် လုပ်သည့် ရေသန့်လုပ်ငန်းများအနက်မှ သောက်သုံးရန်မသင့်သည့် ရေသန့်လုပ် ငန်း ၃ ခုအား ထုတ်လုပ်ရောင်းချခြင်း မပြုရန် တားမြစ်ထားသည်ဟု မွန်ပြည် နယ် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနက ပြောသည်။

အဆိုပါသောက်ရေသန့်လုပ်ငန်း ၃ ခုသည် လိုင်စင်အသစ်လျှောက် ထား သည့် ကျိုက်မရောမြို့မှ မိုးမေတ္တာရေ သန့်လုပ်ငန်းနှင့် ချောင်းဆုံမှ ဝင်းလက် ရေသန့်လုပ်ငန်းဖြစ်ပြီး မော်လမြိုင်မှ ချယ်ရီရေသန့် လုပ်ငန်းမှာမူလုပ်ငန်း လိုင်စင်သက်တမ်းတိုးသည့်လုပ်ငန်း ဖြစ်သည်ဟုအထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

“အခုလောလောဆယ် အနေအထား မှာ လုပ်ငန်း ၃ ခုပေါ့နော် စတုတ္ထအကြိမ် အထိ ရေနမူနာ အောင်မြင်ခြင်းမရှိဘူး” ဟု ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် FDA ထောက်ခံ ချက်လိုင်စင် ရရှိပြီးသား ရေသန့်လုပ် ငန်းနှင့် လိုင်စင်အသစ် အလျောက်ထား သည့် ရေသန့်လုပ်ငန်း ၅၉ ခုရှိသည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရှိ စာရင်းအရ သိ ရသည်။