ဖုန်းမဲပေါက် ငွေလိမ်မှု ကော့သောင်းကို ပစ်မှတ်ထားလာ

0
382

ဖုန်းမဲပေါက်သည်ဟုဆိုကာ ဘဏ် ကို ငွေလိမ်လွှဲခိုင်းမှု ဆက်တိုက်ကြုံတွေ့ လာရကြောင်း ကော့သောင်းမြို့နေ ငွေ လိမ်တောင်းခံရသူများထံမှ သိရသည်။
ဩဂုတ်လ ၃ ရက်၊ ၁၀ရက်၊ ၁၅ ရက်တို့တွင် ဖုန်းမဲပေါက်သည်ဟု ဖုန်းဆက် ပြောဆိုကာ ငွေလွှဲခိုင်းခြင်းများ တွေ့ကြုံတွေ့လာရကြောင်း ငွေလိမ် တောင်းခံရသူများက ဆိုသည်။

“အစိုးရဘဏ်မှာ လူကြီးမင်းကိုင် ထားတဲ့ ဖုန်းနံပါတ်နဲ့ ငွေသိန်းနှစ်ရာ့ ရှစ်ဆယ့်လေးသိန်း ဖုန်းမဲပေါက်တယ် ငွေထုတ်ယူဖို့ လူကြီးမင်းအနေနဲ့ နီးစပ် ရာ ဘဏ်မှာ ငွေကျပ် (၁၄၅၀၀၀၀)အရင်းသွင်းဖို့ ငွေလွှဲပေးရမယ်ဆိုပြီး ဖုန်းဆက်လာတယ်”ဟု ငွေတောင်းခံရ သူတစ်ဦးဖြစ်သူ အေးရိပ်ငြိမ်ရပ်ကွက်နေ ဒေါ်မေဇင်က ဆိုသည်။

ဖုန်းဆက်လာသည်နှင့် ဖုန်းနံပါတ် ပိုင်ရှင် ဟုတ်၊ မဟုတ် အရင်ဆုံးမေးမြန်း ကာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ဖုန်း အခွန်မှန်ကန်စွာ သွင်းခြင်းကြောင့် ဆုကြေးငွေမဲပေါက်ကြောင်း စသဖြင့် ပြောဆိုကြောင်း ငွေအတောင်းခံရသူ တစ်ဦးဖြစ်သည့် ရွှေဟင်္သာရပ်ကွက်နေ ဦးကိုလင်းက ပြောသည်။

“ကျွန်တော်က အကြောင်းစုံသိနေ တော့သူပြောတာပဲ နားထောင်နေလိုက် တယ်ငွေသွားမလွှဲပေးဘူး၊ ညနေရောက် လို့လည်း အဲဒီနံပါတ်ပြန်ဆက်ကြည့်တာ ဖုန်းစက်ပိတ်ထားတယ်”ဟု ဦးကိုလင်း က ဆိုသည်။

ဖုန်းမဲပေါက်သည်ဟုပြောကာ ငွေလိမ်တောင်းမှုများနှင့်ပတ်သက်၍ ကြားဖူးနားဝရှိသောကြောင့် မည်သူမျှ ငွေမလွှဲပေးခဲ့ကြဟု ၎င်းတို့က ဆိုသည်။
ဖုန်းမဲပေါက်သည်ဟုဆိုက လိမ် လည်မှုများကို ယခင်က ထားဝယ်မြို့နှင့် မြိတ်မြို့များတွင် ကြုံတွေခဲ့ရဖူးသည်။