ယာဉ်ထိန်းရဲ ငွေတောင်းကြောင်း စစ်ဆေးပေါ်ပေါက်

0
355

ထားဝယ်မြို့ လမ်းဆုံကြီး မီးပွိုင့် တွင် စည်းကမ်းမဲ့ ဆိုင်ကယ်ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့် ယာဉ်ထိန်းရဲ ကိစ္စကို ကနဦး စစ်ဆေးမှုများပြုလုပ်ရာ ငွေတောင်းသည်ဟု စစ်ဆေးပေါ်ပေါက် သည့်အတွက် ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင် ပြထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောကြားသည်။

စည်းပျက်ယာဉ်များကို ဖမ်းဆီးပြီး ဥပဒေအရ တရားစွဲတင်ခြင်းမပြုဘဲ ထားဝယ်မြို့ရှိ လမ်းဆုံကြီး မီးပွိုင့်တွင် ငွေကြေးတောင်းခံကြောင်း လူမှုကွန်ရက် ပေါ်တင်ခဲ့ပြီးနောက် ယင်းကဲ့သို့ စစ် ဆေးခဲ့ခြင်း ဖြစ်သည်။

ငွေကြေးတောင်းခံကြောင်း စစ် ဆေးပေါ်ပေါက်သည့်အတွက် ဩဂုတ်လ ၅ ရက်က ရဲတပ်ဖွဲ့ဌာနချုပ်ကို တင်ပြ ထားကာ ဌာနချုပ်က ပြန်လည်ညွှန် ကြားလာပါက လိုအပ်သည့် အရေးယူ မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါ တာဝန်ရှိ သူက ဆိုသည်။
“အပေါ်ကအမိန့်ကို စောင့်ရမှာ ပေါ့နော်၊ ပြီးလို့ရှိရင် နောက်ဆက်တွဲ အရေးယူတာတွေ ဖြစ်မယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ငွေကြေးတောင်းခံ သည့် ယာဉ်ထိန်းရဲကို ထားဝယ်မြို့ရှိ ယာဉ်ထိန်းတပ်ဖွဲ့တွင်ပင် တာဝန်ချထား ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်မြို့ပေါ်တွင် ယာဉ်ထိန်းရဲ များက စည်းပျက်ယာဉ်များကို ဖမ်းဆီး ပြီး တရားမဝင် ငွေကြေးတောင်းခံမှု များ လုပ်ဆောင်နေကြကြောင်း ပြည်သူများ အကြားတွင် ဝေဖန်မှုရှိနေသည်မှာ ကြာ မြင့်နေပြီဖြစ်သည်။