မွန်တွင် ရာသီတုပ်ကွေး H1N1 ရှိသူ တစ်ဦးထပ်တွေ့

0
430

မွန်ပြည်နယ်တွင် ရာသီတုပ်ကွေးH1N1 ရောဂါပိုးရှိသူတစ်ဦး ထပ်မံတွေ့ ရှိထားပြီး ရန်ကုန်ဝေဘာဂီဆေးရုံသို့ တင်ပို့ထားကြောင်း မွန်ပြည်နယ် ပြည် သူ့ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

အဆိုပါ ရောဂါပိုးရှိသူသည် မွန် ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာ မှဖြစ်ပြီး ရန်ကုန်မြို့တွင် သွားရောက် ဆေးကုသမှုခံယူစဉ် H1N1 ရောဂါပိုး တွေ့ရှိရ၍ ဝေဘာဂီဆေးရုံသို့တင်ပို့လိုက် သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ဉာဏ်ဆင့်ပြောသည်။

ဆေးစစ်ချက်အရ ဩဂုတ်လ ၁၃ ရက်က H1N1 ရောဂါပိုးရှိသည်ဟု သိရပြီး ရန်ကုန်ပြည်သူ့ဆေးရုံမှတစ်ဆင့် ဩဂုတ်လ ၁၄ ရက်တွင် ဝေဘာဂီဆေးရုံ သို့ လွှဲပြောင်းတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလူနာက အိန္ဒိယသွားပြီး ကျောက်ကပ်အစားထိုးထားတဲ့သူ ဖြစ်ပါ တယ်၊ အဲသလိုလုပ်ထားတော့ ခုခံအား ကျစေတဲ့ ဆေးတွေသောက်ထားရတယ်၊ အဲဒီအခြေအနေမှာ ကိုယ်ခံအားကျနေ တော့ H1N1 ရောဂါပိုးက ဝင်သွားတဲ့ သဘောမှာ ရှိပါတယ်”ဟု ၎င်းက ပြော သည်။

လက်ရှိအချိန်အထိ မွန်ပြည်နယ် တွင် ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိသူ ၆ ဦးအထိ ရှိလာသည်။