ကော့သောင်းနယ်စပ်ဂိတ်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်နီးပါးရှိလာ

0
398

ကော့သောင်း နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာ ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်နီး ပါးရှိလာကြောင်း ကော့သောင်းမြို့နယ် လူဝင်မူကြီးကြပ်ရေးဌာနခွဲ (၂) ထံမှ သိရ သည်။

ထိုင်းနိုင်ငံရောက် အထောက်
အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား များသည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ နေရပ်ပြန်လျက်ရှိပြီး ဩဂုတ် လ ၁၅ ရက်နေ့အထိ ၁၉၆၅ ဦးရှိပြီဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လတ်တလော ဝင်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမား အများစုသည် ထိုင်းနိုင်ငံတွင် အထောက်အထား မရှိ သောကြောင့် ဖမ်းဆီးခံရသူများဖြစ်ပြီး ထိုင်းအစိုးရမှ နီးစပ်ရာ နယ်စပ်မြို့ များသို့ ပြန်ပို့သူများ ဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မူကြီးကြပ် ရေးဌာနခွဲ(၂) လက်ထောက် ညွှန်ကြား ရေးမှူး အန်းယင်က ဆိုသည်။

ပြန်လည်ဝင်ရောက်လာကြသည့် အလုပ်သမားများကို ကော့သောင်းခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ များကကြိုဆိုကြပြီး အစားအသောက် များ၊ မော်တော်ယာဉ် စီးနင်းခများနှင့် လမ်းခရီးတွင် စားသောက်ရန်ကုန်ကျ စရိတ်များ ကူညီပံ့ပိုး ဆောင်ရွက်ပေး လျက်ရှိသည်။