မူးယစ်ဆေးအမှု မြိတ်ခရိုင် အများဆုံး

0
366

တနင်္သာရီတိုင်းတွင် ဇန်နဝါရီ လမှ ဇူလိုင်လအထိ ၇ လတာ ကာလ အတွင်း မြိတ်ခရိုင်တွင် မူးယစ်ဆေးဖမ်းမိ သည့်အမှု အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အထက်ပါ ကာလအတွင်း မြိတ် ခရိုင်တွင် မူးယစ်အမှုပေါင်း ၁၈၉ မှု၊ ကော့သောင်းခရိုင်တွင် ၈၁ မှုနှင့် ထား ဝယ်ခရိုင်တွင် ၆၆ မှုရှိကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း အဆိုပါ မူးယစ်ဆေးအမှုများမှ တရားခံ ၅၉၂ ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။
ယင်းအမှု အရေအတွက်များအနက် WY စိတ်ကြွဆေးပြား ဖမ်းမိသည့် အမှုမှာ အများဆုံးဖြစ်ပြီး ဒုတိယအများ ဆုံးမှာ ဘိန်းစာမှုန့် ဖမ်းမိသည့် အမှုများ ဖြစ်သည်။
၂၀၁၆ ခုနှစ် ပထမ ၇ လအတွင်း မြိတ်ခရိုင်တွင် မူးယစ်အမှု ၁၅၉ မှု၊ ကော့သောင်းခရိုင်တွင် ၇၇ မှုနှင့် ထား ဝယ်ခရိုင်တွင် ၅၂ မှုရှိကြောင်း တိုင်း ရဲမှတ်တမ်းအရ သိရသည်။

တစ်တိုင်းလုံးအနေဖြင့် WY စိတ်ကြွဆေးပြား ၂၀၁၇ ခုနှစ် ပထမ ၇ လအတွင်း ဖမ်းမိမှု အရေအတွက်မှာ ယမန်နှစ် ကာလတူအတွင်း ဖမ်းမိမှုထက် ဆေးပြားအရေအတွက် ငါးသောင်းကျော် ပိုများကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။