ပထွေးဖြစ်သူက ၁၀ အရွယ်သမီးအား သားမယားပြုကျင့်

0
497

ပထွေးဖြစ်သူက ၁၀ နှစ်အရွယ် သမီးအား သားမယားအဖြစ် ပြုကျင့်မှု တစ်ခု မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ယင်းနယ် မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် အိပ်ယာထချိန်တွင် သမီး၏ အမျိုးသမီးကိုယ်မှ သွေးများ စီးဆင်းနေ သဖြင့် ကလေးဆေးရုံသို့ တင်ပို့ပြီးကု သမှုခံယူခဲ့ရကြောင်း ရဲစခန်းမှ သိရသည်။

သွေးများစီးဆင်းနေသည့် ဒဏ် ရာများနှင့် ပတ်သက်ပြီး မိခင်ဖြစ်သူက သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ပထွေး ဖြစ်သူက ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်က ခြင်ထောင်ထဲဝင် လာပြီး သားမယားအဖြစ် ပြုကျင့်ခဲ့သည် ကို ထွက်ဆိုထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ သားမယားအဖြစ် ပြုကျင့် ခံရသူ ၁၀ နှစ် အမျိုးသမီးငယ်သည် မိခင် ဖြစ်သူ၏ ဒုတိယအိမ်ထောင်နှင့်ရထား သူဖြစ်ပြီး ပထွေးဖြစ်သူမှာ တတိယ အိမ် ထောင်ဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

သားမယားအဖြစ် ပြုကျင့်သည့် ပထွေးဖြစ်သူအား မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။