ဆီးဂိမ်းပြိုင်ပွဲဝင် အားကစားသမား တနင်္သာရီမှ ၈ ဦးအရွေးခံရ

0
371

မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းမှ အားကစားသမား ၈ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနထံမှသိရသည်။

ကရာတေး၊ ဂျူဒို၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်းနှင့် ရွက် လှေ အားကစားနည်း ၆ မျိုးအတွက် မြိတ်မှ ကစားသမား ၃ ဦး၊ သရက် ချောင်းမှ ၂ ဦး၊ ပုလော၊ ကျွန်းစု၊ကော့ သောင်းမြို့နယ်များမှ တစ်ဦးတို့ လက်ရွေးစင် အဖြစ် အရွေးခံရကြောင်း အထက်ပါဌာနညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“တိုင်းထဲက သက်ဆိုင်ရာ အားက စားမှာ ထူးချွန်တဲ့သူတွေကို ရွေးပြီးတော့ နှစ်ရှည် စခန်းသွင်း လေ့ကျင့်ပေးထား တဲ့သူတွေထဲက ရွေးတာပေါ့” ဟု ၎င်းက ပြောသည်။

၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်း တွင် တနင်္သာရီတိုင်းမှ အားကစားနည်း ခြောက်မျိုးတွင် ကစားသမား ခြောက်ဦး ပါဝင်ခဲ့ပြီး ဂျူဒိုအားကစားနည်းတွင် အမျိုးသမီးတစ်ဦး ရွှေတံဆိပ်ရရှိခဲ့ ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် ဩဂုတ် လ ၁၄ ရက်မှ ၃၀ ရက် အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။