အစိုးရရုံးအချို့တွင် အမှိုက်ပုံး အမျိုးအစား ခွဲပစ်

0
660

တနင်္သာရီတိုင်းအတွင်းရှိ အစိုးရ ရုံးအချို့တွင် အမှိုက်အမျိုးအစား ခွဲခြား ကာ စွန့်ပစ်နိုင်ရန် အမှိုက်ပုံး အမျိုးအစား ၄ မျိုးခွဲကာထားရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ တံတား ဦးစီးဌာန၊ အဆောက်အအုံဦးစီးဌာန၊ ကျေးလက်လမ်း ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစရှိသည့်ဌာန ရုံးများတွင် ဇွန်လခန့်မှ စတင်ကာ စွန့်ပစ်မည့် အမှိုက် အမျိုးအစားအလိုက် အမှိုက်ပုံးများ ခွဲထားကြောင်း လမ်းဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက ဆိုသည်။

အထွေထွေ ပြန်လည်အသုံးမပြု သည့် ပစ္စည်းများ စွန့်ပစ်ရန်၊ စားကြွင်း စားကျန်များ စွန့်ပစ်ရန်၊ စက္ကူစာရွက် စာတမ်းများ စွန့်ပစ်ရန်၊ ဘူးခွံ ပုလင်းနှင့် ပလပ်စတစ်နှင့် ပတ်သက်သည့် ပစ္စည်း များစွန်ပစ်ရန် အစရှိသည့် အမှိုက် အမျိုး အစားအပေါ်မူတည်ကာ စွန့်ပစ်ရန် အမှိုက်ပုံးလေးပုံးကို ခွဲခြားထားသည်။
ပြန်လည် အသုံးပြုနိုင်သည့် ပလပ် စတစ်၊ ဘူးခွံများကို အမှိုက်ကားတွင် စွန့်ပစ်ခြင်းမပြုဘဲ ရုံးအတွင်း အမှိုက် ကန်လုပ်ကာ သိမ်းဆည်းထားကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။

“ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေတဲ့ ပလပ်စတစ်ပစ္စည်းတွေဆိုရင် လျော့သုံးအောင်နဲ့ ပြန်သုံးနိုင်တဲ့အချိန် ပြန်သုံးနိုင်အောင်ပါ”ဟု ဦးဝင်းမင်းထွဋ် က ပြောသည်။
ကမ္ဘာ့နိုင်ငံအချို့တွင်လည်း အမှိုက် များကို ယင်းကဲ့သို့ခွဲခြားကာ စွန့်ပစ် သည့် စနစ်ကျင့်သုံးမှုများ ရှိသည်။