ထားဝယ် အောက်ဆီဂျင်စက်ရုံ ပြန်လည်မည်

0
376

လည်ပတ်မှု ရပ်နားထားချိန် ကြာ နေပြီဖြစ်သည့် ထားဝယ်မြို့ရှိ အောက်ဆီ ဂျင်စက်ရုံကို မကြာမီ ပြန်လည်ပတ် တော့မည်ဖြစ်ကြောင်း အာယုဒါနပါရမီ မြောက် ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီ ဂျင် လှူဒါန်းရေးထံမှ သိရသည်။

စက်ရုံကို ၂၀၁၄ ခုနှစ် ဝန်းကျင် တွင် တည်ဆောက်ခဲ့ပြီး မီတာခ ဈေး နှုန်းကြီးမြင့်မှုကြောင့် အချိန်တစ်လ ခန့်သာ လည်ပတ်နိုင်ကာ ရပ်နားထား ခဲ့ရကြောင်း အာယုဒါနမှ တာဝန်ခံ ဦးအောင်မြင့်က ဆိုသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ခါနီးတွင် DDPC လျှပ်စစ်ဖြန့်ဖြူးရေးက လျှပ်စစ် မီတာခ လှူဒါန်းခြင်းကြောင့် စက်ရုံကို ပြန်လည်လည်ပတ်ခဲ့သော်လည်း စက်ချွတ် ယွင်းမှုကြောင့် ရပ်နားခဲ့ရသည်။

လက်ရှိ အခြေအနေအရ ထားဝယ် ဒေသတွင် တစ်လလျှင် အောက်ဆီ ဂျင်အိုးအကြီး ၂၅၀ ခန့်ကို ရန်ကုန်မှ မှာယူနေရပြီး စက်ရုံလည်ပတ်နိုင်ပါက ယင်းပမာဏကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း ဦးအောင်မြင့်က ဆို သည်။

“ပစ္စည်းကို ရန်ကုန်ကို မှာထား တယ်၊ မကြာခင် စက်လည်ပတ်နိုင် လိမ့်မယ်လို့ ထင်တယ်”ဟု ဦးအောင် မြင့်က ပြောသည်။
စက်ရုံတွင် တစ်ရက်လျှင် အောက် ဆီဂျင်အိုး အကြီး ၈လုံးခန့် ထုတ်လုပ် နိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်မှ မှာယူနေသည့် အောက်ဆီဂျင်အိုးအကြီးတစ်လုံးလျှင် ကျပ်ရှစ်ထောင်ခန့် ကျသင့်ကြောင်း အာယုဒါနပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး ထံမှ သိရသည်။