ရပ်ရွာအခြေပြု မူးယစ်ပြန်လည် ထူထောင်ရေး သင်တန်းဖွင့်ရန် မြိတ်ကို ရွေးချယ်

0
429

တိုင်းအတွင်း ရပ်ရွာအခြေပြု မူးယစ် ပြန်လည် ထူထောင်ရေးသင်တန်း စီမံချက်ဆောင်ရွက်ရန် မြိတ်ကို ရွေးချယ် ခဲ့ကြောင်း တနင်္သာရီတိုင်း လူမှုဝန်ထမ်း ဦးစီးဌာနရုံးထံမှ သိရသည်။

မြိတ်မြို့တွင် စိတ်ရောဂါကု ဆရာဝန်ရှိပြီး ထားဝယ်နှင့် ကော့သောင်း တို့၏ အလယ်တွင်ရှိသဖြင့် မူးယစ်ဆေး ဖြတ်မည့်သူများနှင့် ပြန်လည်ထူထောင် ရေးလုပ်မည့်သူများ သွားလာရေး အဆင် ပြေခြင်းကြောင့် မြိတ်ကို ရွေးချယ်ထား ခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေ က ပြောသည်။

မူးယစ်ဆေးစွဲသူများကို မူးယစ် ဆေး အဆိပ်ဖြေကုသခြင်းနှင့်ပြန်လည် ထူထောင်ရေး(ရပ်ရွာအခြေပြုပြန်လည် ထူထောင်ရေး သင်တန်း)စီမံချက်ကို ယခုနှစ်အတွင်း ပြုလုပ်ရန် ဘတ်ဂျက် တောင်းခံထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်အတွင်း မူယစ်ဆေးဖြတ် လိုသူ သင်တန်းသား ၃၀ဦးဖြင့် သင်တန်း ပြုလုပ်မည်ဖြစ်ပြီး သင်တန်းတွင် အားကစားလှုပ်ရှားမှု၊ ကျန်မားရေး စောင့်ရှောက်မှု၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်း ဦးစီးဌာန ထံမှ သိရသည်။

မူးယစ်ဆေးဖြတ်မည့်သူများကို မူးယစ်ဆေးသုံးစွဲသူဟု မသုံးနှုန်းတော့ဘဲ သင်တန်းသားအနေဖြင့်သာ သုံးနှုန်း ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် သင်တန်းသားများကို ရှာဖွေနေသည့်အပြင် ပြုလုပ်မည့် နေရာ နှင့် သင်တန်းသားထပ်မံရရှိရန် တိုင်း အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရ သည်။