ကမ်းနီးငါးဖမ်းလိုင်စင် အမြန်ချထားပေးရန် သမ္မတထံ အသနားခံ

0
335

ငါးဖမ်းရာသီစတင်ပြီ ဖြစ်သော် လည်း ငါးဖမ်းလိုင်စင် ချထားပေးခြင်း မရှိသေးသဖြင့် ကမ်းနီး ငါးဖမ်းလိုင် စင်များ အမြန်ချထားပေးရန် လောင်း လုံးမြို့နယ်အတွင်းရှိ ရေလုပ်သားများက နိုင်ငံတော်သမ္မတထံသို့ စာပေးပို့ အသနားခံလိုက်ကြသည်။
အသနားခံစာအား လောင်းလုံးမြို့ နယ် ကျောက်ဆင်၊ သဘော့ဆိပ်-ပြင် ကြီးနှင့် ကမ်းပနီ မိရိုးဖလာ မျှောပိုက် လှေများအသင်း ၃ ခုနှင့်အတူ အသင်းဝင် မဟုတ်သော လှေပိုင်ရှင် ၅၀ ကျော်တို့က လက်မှတ်ရေးထိုးကာ ဩဂုတ်လ ၃ ရက်တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယခင်က ကမ်းနီးငါးဖမ်းလိုင်စင် များကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးလေ့ ရှိသော်လည်း ယခုအခါ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ သတ်မှတ်ထားသော ကမ်းနီးငါးဖမ်း လှေစံနှုန်းထက် ကြီးမားနေသောကြောင့် မြို့နယ်အဆင့်မှ လိုင်စင်ထုတ်ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခံနေရကြောင်း တောင်းဆိုသူများက ပြောသည်။
ယင်းကြောင့်လုပ်ပိုင်ခွင့်ရှိသူ သမ္မတနှင့်တကွ သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာများထံ အသနားခံရခြင်း ဖြစ်ကြောင်း လက်မှတ် ထိုး တောင်းဆိုသူများထံမှ သိရသည်။

(၁၉၉၀ခုနှစ် မြန်မာပင်လယ် ငါး လုပ်ငန်းဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာအရ) ညွှန်ကြားရေးမှူး ချုပ်၏ကမ်းနီးငါးဖမ်းလိုင်စင် သတ်မှတ် ချက်မှာ ကမ်းနီးငါးဖမ်းခွင့် လှေတစ်စင်း ၏ အလျား ၃၀ပေ၊ မောင်းနှင်သော စက်၏ စွမ်းအားသည် မြင်းကောင်ရေ (၂၀)ထက်မပိုရဟု ပါရှိကြောင်း ရေလုပ် သားများထံမှ သိရသည်။
လက်ရှိ မိရိုးဖလာ မျှောပိုက်လှေ အများစုမှာ ညွှန်ကြားရေးမှူးချုပ်၏ သတ်မှတ်ချက်ထက် ကျော်လွန်နေပြီး ၁၉၉၀ခုနှစ်ကာလမှ ယနေ့အချိန်အတွင်း ပင်လယ်ပြင်မှ ရာသီဥတုပြောင်းလဲခြင်း၊ ငါးဖမ်းဆီးရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်းလုပ်ငန်းခွင် အလှမ်းဝေး လာခြင်းစသည့် အခက်အခဲများကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက် ပိုမိုကြီးမားအောင် တည်ဆောက် တပ်ဆင်လာရခြင်းဖြစ်ကြောင်း လှေပိုင် ရှင်များက ပြောကြသည်။

“ငါးဖမ်းရာသီအမီ ငါးဖမ်းလိုင်စင် မြန်မြန် ချပေးစေချင်တယ်၊ နိုင်ငံတော် အခွန်လည်း ရတာပေါ့၊ စစ်လားဆေး လားဖြစ်ရင် မျက်နှာ မငယ်ရအောင် တရားဝင်လုပ်ချင်တယ်၊ ခုက တရားဝင် လုပ်ချင်ပေမဲ့ မလုပ်ရဘဲ ဖြစ်နေတယ်” ဟုကျောက်ဆင်ရွာမိရိုးဖလာ မျှောပိုက် လှေများအသင်း ဥက္ကဋ္ဌ ဦးအောင်စိန်က ပြောသည်။

ယင်းလိုင်စင်နှင့် လှေလိုင်စင်များ ပြုလုပ်ရာတွင်လည်း သက်ဆိုင်ရာ မြို့ နယ်အလိုက် တစ်နေရာတည်းတွင် အပြီး သတ်လုပ်ဆောင်နိုင်ရန် စီစဉ်ပေး သင့်ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်း အဖွဲ့ချုပ် အကြံပေး ဦးဇော်သူရက မှတ် ချက်ပြုသည်။
“ပြည်ထောင်စုက လက်ရှိခေတ်နဲ့ ကိုက်ညီအောင်ဖြေလျှော့ပေးသင့် တာတွေ ဖြေလျှော့ပေးမှ မိရိုးဖလာ ရေလုပ်ငန်းတွေ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသူတွေ လုပ်ငန်းအဆင်ပြေ ချောမွေ့မှာပါ” ဟု ဦးဇော်သူရက ပြော သည်။

ရေလုပ်ငန်းတွင် ရေလုပ်သား၊ သာမက အခြားဆက်စပ်လုပ်ငန်းစု များ စွာ ပါဝင်နေပြီး ယင်းဆက်စပ်လုပ် ငန်းများကို အမျိုးသမီးအလုပ်သမား များစွာကလည်း မှီခိုနေရကြောင်း ရေ လုပ်သားများထံမှ သိရသည်။