မြိတ်တွင် နားရောဂါ အခမဲ့ကုသပေး

0
432

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီးများ ပူပေါင်း၍ ဩဂုတ်လ ၇ရက်မှစပြီး မြိတ် ပြည်သူ့ဆေးရုံကြီးတွင် နားရောဂါ ဝေဒနာရှင်များကို အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိတ် ကုသပေးခဲ့ကြောင်း ယင်းဆေးရုံမှ သိရသည်။

အဆိုပါ ကုသမှုကို မြန်မာ-ထိုင်း ချစ်ကြည်ရေး နားရောဂါအခမဲ့ကုသရေး စီမံချက်အရ ပြုလုပ်ခြင်းဖြစ်ပြီး ဩဂုတ် လ ၉ ရက်အထိ ကုသမည်ဟု သိရသည်။
“ဝေးလံပြီး ဆေးရုံမရှိတဲ့ ဆင်းရဲ နွမ်းပါးတဲ့ဒေသတွေမှာ အဓိကထားပြီး လိုက်လံ ကုသပေးပါတယ်၊ မြန်မာနိုင်ငံ မှာ အခုအကြိမ်ဆို ၁၂ ကြိမ်မြောက် လာရောက်ကုသပေးတာ ပါ”ဟု ထိုင်း နိုင်ငံ Rajavithi ဆေးရုံဥက္ကဋ္ဌ Manus Potaporn က ပြောသည်။

နားရောဂါ ဝေဒနာရှင်များကို တစ်ရက်လျှင် ၁၄၀ ဦးနှုန်းဖြင့် လက်ခံ ကုသပေးမည်ဖြစ်သည်ဟု သိရသည်။
စတင်စမ်းသပ်ကုသပေးသည့် ဩဂုတ်လ ၇ ရက်က ၁၅၇ ဦး လာရောက် ကုသမှုခံယူပြီး ၎င်းတို့အနက် ခွဲစိတ် ကုသမည့်လူနာ ၁၇ ဦးရှိကြောင်း မြိတ် ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာချိုနွယ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ Rajavith ဆေးရုံ ဥက္ကဋ္ဌ Manus Potaporn ဦးဆောင်သော ဆရာဝန် ၂၄ ဦးနှင့် ရန်ကုန် နား၊ နှာခေါင်း၊ လည်ချောင်းဆေရုံးကြီးမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ခင်စန်းလွင် နှင့် မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ ကုသပေး သွားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။