ကော့သောင်းဆေးရုံတွင် အကျဉ်းသား သီးသန့် လူနာဆောင်ဆောက်မည်

0
471

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများ ဆေးဝါးကုသ အဆင် ပြေနိုင်ရန်အတွက် သီးသန့်အဆောက် အအုံတစ်ခုကို ကော့သောင်းခရိုင် ပြည် သူ့ဆေးရုံ ဧရိယာအတွင်း ဆောက်လုပ် ရန် စီစဉ်ထားကြောင်း ကော့သောင်း ခရိုင်ဆေးရုံအုပ်ထံမှ သိရသည်။

အဆိုပါ အဆောက်အအုံ ဆောက် လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီး အ စိုးရအဖွဲ့မှ စီစဉ်ပေးမည်ဟု ဩဂုတ်လ ၃ရက်နေ့တွင် တနသာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကော့သောင်းဆေး ရုံရောက်စဉ်က ပြောကြားခဲ့ကြောင်း ဆေးရုံအုပ် ဒေါက်တာနေလင်းက ပြောသည်။

“အဆောက်အအုံ ဘယ်တော့ စတင် အကောင်အထည်ဖော်မလဲဆိုတာတော့ မညွှန်ကြား လာသေးဘူး”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် သီးသန့်လူနာဆောင် တစ်ခုရှိပြီး အကျဉ်းသားများ ကျန်း မာရေးမကောင်းပါက ဆေးဝါး ကုသရန် ယင်းအဆောင်ကို စီစဉ်ထားကြောင်း ကော့သောင်းခရိုင် ဆေးရုံကြီးထံမှ သိရသည်။