လိုင်စင်မဲ့ဆိုင်ကယ်များအတွက် ဒေသလိုင်စင်ဈေးနှုန်း မကြာမီထုတ်ပြန်မည်

0
528

စက်တင်ဘာလ ၆ ရက်နေ့တွင် စတင်ပြုလုပ်ပေးတော့မည့် ဒေသလိုင်စင် ဈေးနှုန်းများကို မကြာမီ ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ထံမှ သိရ သည်။
လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသ လိုင်စင်လုပ်ပေးရာတွင် သင့်တင့်သည့် နှုန်းထားတစ်ခုဖြစ်လာစေရန် လက်ရှိ တွင် နှုန်းထားကို စိစစ်နေဆဲဖြစ်ကာ ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင် ပေါ်က ဆိုသည်။

“ရှိသင့်နိုင်တဲ့ နှုန်းထားတစ်ခုကို တော့ သတ်မှတ်ပေးပါ့မယ်”ဟု တိုင်း ဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြော သည်။
ဒေသလိုင်စင်ကို စက်တင်ဘာလ ပထမအပတ်မှစကာ တစ်ပတ်လျှင် တစ် ရက်နှုန်းဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး အပတ်အထိ ပြုလုပ်ပေးသွားမည်ဖြစ် သည်။

ဒေသလိုင်စင်လုပ်ပေးပါက လိုင်စင် လုပ်သူများနိုင်သော်လည်း “ယ” နံပါတ် လုပ်ပေးစဉ်ကထက် ဈေးနည်းရန် လို ကြောင်းထားဝယ်မြို့ပေါ်ရှိ ဆိုင်ကယ် ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦးက ဆိုသည်။
“ဈေးလျော့ပေးရင်တော့ လုပ်တဲ့ သူတွေ တော်တော်များလိမ့်မယ်”ဟု အဆိုပါ ဆိုင်ပိုင်ရှင်အမျိုးသားက ပြော သည်။

ကညနရုံးရှိသည့် ခရိုင်မြို့ကြီးများ တွင် နေ့ချင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ပြီး အကောက်ခွန်၊ အာမခံ၊ မြန်မာ့ စီးပွားရေးဘဏ် အစရှိသည့် ဌာနများပါ ဝင်သည့် One Stop Service (တစ်နေ ရာတည်း အပြီးစနစ်) အနေဖြင့် လုပ်ပေး သွားမည်ဟု သိရသည်။
ဒေသလိုင်စင်အတွက် ဆိုင်ကယ် တစ်စီး၏ ကျသင့်ငွေမှာ ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့် ခုနှစ်(မော်ဒယ်)၊ အင်ဂျင်ပါဝါ အစရှိသည်များအပေါ် မူတည်ကာ ကွာခြားမည်ဖြစ်ပြီး ဈေးနှုန်း ကျသင့်ငွေ ပမာဏကို ဗီနိုင်းများဖြင့် နှစ်ပတ်ခန့် ကြိုတင်ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ် အစီးရေ သောင်းချီရှိနေနိုင် ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်အချို့က ခန့်မှန်းသည်။
ထားဝယ်ခရိုင်တွင် လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ ကိုးသောင်းကျော်၊ မြိတ်ခရိုင်တွင် ရှစ်သောင်းခန့်နှင့် ကော့သောင်းခရိုင်တွင် နှစ်သောင်းနီးပါး ရှိကြောင်း တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။