မြိတ်တွင် မှုခင်းပညာပေးဇာတ် လမ်းတို ရိုက်ကူး

0
463

အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် ၅၃ နှစ်မြောက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေ ဖြင့် မှုခင်းပညာ ပေးဇာတ်လမ်းတို ဗီဒီယိုကို မြိတ်ခရိုင်နှင့် မြို့နယ် ရဲတပ် ဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၅ ရက်မှ စတင် ရိုက်ကူးလျက်ရှိကြောင်း သိရသည်။

“မူးယစ်ဆေးဝါးသုံးစွဲရင် လူငယ် တွေ ဘယ်လို ဘ၀ပျက်တယ်ဆိုတာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက် နာရင် အသက်ဆုံးရှုံးမှု ဖြစ်တာတို့ လူငယ်တွေအတွက်ပါ အဲဒါကိုကြည့်ပြီး လူငယ်တွေလိုက်နာရင်တော့ အမြတ် ပေါ့”ဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ပြောသည်။

၁၅ မိနစ်စာ မှုခင်းပညာပေး ဇာတ်လမ်းတိုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း ဦးစီး၍ စာရေးဆရာ၊ ကဗျာဆရာ နရီ(မြိတ်)က ဇာတ်ညွှန်း ရေးသား ပုံဖော်ကာ ဒါရိုက်တာ အာကာစိုး(မြိတ်)မှ ရိုက်ကူးကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ရဲတပ်ဖွဲ့တွေရဲ့ အဓိက လုပ် ဆောင်ချက်တွေကို ရိုက်တာပါ ယာဉ် တိုက်မှုတွေ လူငယ်တွေ ကျောင်းတက် နေရင်း မူးယစ်ဆေးဝါး သုံးတဲ့သူတွေ အဲဒါတွေကို ယှဉ်ပြထားတဲ့ အသိပညာ ပေးဇာတ်လမ်းတိုလေးပါ”ဟု ဒါရိုက်တာ အာကာစိုး(မြိတ်)က ပြောသည်။