ကြက်ငှက်တုပ်ကွေး ကင်းကြောင်း အတည်ပြုမှ ကြက်ဥ ကြက်သား ရောင်းခွင့်ပြုမည်

0
430

ထားဝယ်တွင် အပြင်းစား ကြက် ငှက်တုပ်ကွေး H5N1 ကင်းရှင်းကြောင်း အတည်ပြုပြီးမှသာ ကြက်၊ ဘဲနှင့် ကြက်ဥ ရောင်းချမှုကို ခွင့်ပြုမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

တိုင်းအစိုးရနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကဲ့သို့ သက်ဆိုင်ရာ ဌာနများက H5N1 ရောဂါပိုး ကင်းရှင်း ကြောင်း အတည်ပြုမှသာ ရောင်းချခွင့်ပြု မည်ဖြစ်ပြီး လက်ရှိကာလအတွင်း ရောင်း ချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန် ရှိသူက ဆိုသည်။
“ဒီကြားထဲမှာတော့ ရောင်းချခွင့် လုံးဝ မရှိပါဘူး၊ တင်းတင်းကြပ်ကြပ်ကို တားမြစ်ထားတာ”ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

H5N1 ဗိုင်းရပ်စ် နောက်ဆုံးတွေ့ရှိ သည့် ဩဂုတ်လ ၃ ရက်နေ့မှ ၂၁ ရက် အတွင်း ရောဂါဖြစ်ပွားမှု မရှိပါက ဇုန်သတ်မှတ်ထားသည့် ကန့်သတ်မှုများ ကို ရုပ်သိမ်းမည်ဖြစ်ပြီး ရောဂါနှင့် ပတ် သက်၍ စစ်ဆေးပြီးမှ ရောဂါကင်းစင် ကြောင်း ကြေညာရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် အချို့တွင် ကြက်ဥပါသည့် အစားအစာ ရောင်းချမှုများ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုထောက်ပြမှုများ ရှိသည်။
ထားဝယ်တွင် H5N1 ဗိုင်းရပ်စ်မှာ လက်ရှိအချိန်ထိ လူသို့ကူးစက်မှုမရှိပေ။

တနင်္သာရီတိုင်းအစိုးရအဖွဲ့၏ ဩဂုတ်လ ၇ ရက် နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တွင်မူ ထားဝယ်တွင် ဖြစ် ပွားနေသည့် ကြက်ငှက်တုပ်ကွေး ရော ဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြ ထားသည်။

စီမံချက် ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားနေသည့် ကြက်ခြံနှင့် ၁၀ ကီလိုမီတာ (၀.၆၅ မိုင်) အတွင်း ကြက်သား၊ ဘဲသား၊ ကြက်ဥ၊ ဘဲဥများ စားသုံးခြင်း၊ ရောင်းဝယ်ခြင်း၊ သယ် ဆောင်ခြင်း မလုပ်ရန် ဇူလိုင်လ ၂၆ ရက် နေ့မှ စတင်တားမြစ်ထားသည်။