အခြေခံ ဆရာ၊ ဆရာမ ၂၀၀ ကျော် ရာထူးတိုး

0
358

တနင်္သာရီတိုင်းအတွင်း အခြေခံ ပညာကျောင်းများမှ ဆရာ၊ ဆရာမ ၂၃၄ ဦးကို ဩဂုတ်လ ၃ ရက်နေ့က ရာထူး တိုးမြှင့်ပေးခဲ့ကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

အခြေခံပညာ မူလတန်းမှ အလယ်တန်းအဆင့်သို့ ဆရာ၊ ဆရာမ ၂၂၂ ဦးနှင့် အလယ်တန်းမှ အထက် တန်းသို့ ဆရာ၊ဆရာမ ၁၂ ဦး ရာထူး တိုးခဲ့ကြောင်း တိုင်းပညာ ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မူလတန်းပြမှ အလယ်တန်းပြ အဖြစ် ရာထူးတိုးလျှောက်ထားသူများ ထဲတွင် ဘွဲ့ရဖြစ်ရမည်ဖြစ်ပြီး မူလတန်း ပြဆရာဖြစ် လက်မှတ်ရှိသူ၊ မူပြလုပ် သက် အနည်းဆုံး ၂ နှစ်ရှိရမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ပြောသည်။

“တချို့နားလည်မှုလွဲနေတာလေးတွေရှိတယ် မူပြကနေ လယ်ပြအတွက် လုပ်သက် ၂ နှစ်ဆိုတာက ဒီနှစ် မေလ ၃၁ ရက်နေ့နဲ့ ဖြတ်တာ”ဟု ၎င်းက ပြောသည်။

အလယ်တန်းပြလုပ်သက် ၅ နှစ်ရှိ ပြီးသားဖြစ်သည့် ပညာရေး ဘွဲ့ရများ ကိုမူ အထက်တန်းပြရာထူးသို့ တိုက် ရိုက် တိုးပေးသည်။
ပညာရေးဘွဲ့ ပထမ နှစ်၊ ဒုတိယ နှစ်တက်ရောက် နေသူများကို ယာယီ အထက်တန်းပြအဖြစ် ခန့်အပ်ပြီး ၎င်းတို့ ပညာရေးဘွဲ့ရရှိပါက အထက် တန်းပြဖြစ် အတည်ပြုခန့်အပ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ် တိုင်းအတွင်း အသစ်ခန့် ထားသောဆရာ၊ ဆရာမ ၂၂၄ ဦး၊ ပြောင်းရွှေ့ဆရာ၊ ဆရာမ ၆၀၀ ဦး၊ ရာထူးတိုး ဆရာ၊ဆရာမ ၂၃၄ ဦး ရှိ ကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်း များအရ သိရသည်။