ထားဝယ် ကြက်ငှက်တုပ်ကွေး ထိန်းချုပ်နိုင်လုနီး

0
429

ထားဝယ်မြို့တွင် ဖြစ်ပွားနေသည့် အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 မှာ ဩဂုတ်လ ၃ ရက်နေ့ နောက်ပိုင်း၌ ကြက်ခြံများတွင် ဖြစ်ပွားမှုမရှိတော့သ ဖြင့် ထိန်းချုပ်နိုင်လုနီး အခြေအနေ ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနထံမှ သိရသည်။
ထားဝယ်ဒေသသို့ ကြက်ဝင်ရောက် ရာလမ်းကြောင်းများကို ဖြတ်တောက် ခြင်းနှင့် ရောဂါဖြစ်ပွားသည့် ကြက်ခြံ မှကြက်များကို ရှင်းလင်းခြင်းများ ကြောင့် H5N1 ဗိုင်းရပ်စ်ကို ထိန်း ချုပ်နိုင်လုသည့် အခြေအနေရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

“ထိန်းချုပ်နိုင်လုနီးပါးတော့ ရှိပါ ပြီ၊ အကြမ်းဖျဉ်းတော့ ထိန်းချုပ်နိုင်ပြီလို့ ပြောနိုင်တာပေါ့”ဟု တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဥာဏ်လင်းက ပြော သည်။
ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် တွေ့ရှိကြောင်း ထုတ်ပြန်ချိန်မှ ဩဂုတ် လ ၃ ရက်နေ့အထိ ကြက်ခြံ ၁၄ ခြံ မှ ကြက်ကောင်ရေ နှစ်သောင်းကျော် (၂၅၆၁၃) နှင့် ဘဲ ၁၂၅ ကောင်ကို သုတ် သင် ရှင်းလင်းခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စာရင်းအရ သိရသည်။

ထားဝယ်တွင် ဖြစ်ပွားသည့် ပြင်း ထန်ကြက်ငှက်တုပ်ကွေး H5N1 မှာ လက်ရှိအချိန်ထိလူကို ကူးစက်ခြင်း မရှိသေးကြောင်း ထားဝယ်ပြည်သူ့ ဆေးရုံအုပ်ကြီးက ဆိုသည်။
H5N1 ဗိုင်းရပ်စ် နောက်ဆုံးတွေ့ရှိ သည့်နေ့(ဩဂုတ်လ ၃ ရက်နေ့)မှ ၂၁ ရက်အတွင်း ရောဂါဖြစ်ပွားမှု မရှိပါက ကန့်သတ်မှုများကို (ဇုန်သတ်မှတ် ထားခြင်းများ) ရုပ်သိမ်းမည်ဖြစ်ပြီး ရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်ကာ ရောဂါကင်းစင်ကြောင်း ကြေညာရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ သတ်မှတ်ကာလ ၂၁ ရက် အတွင်းမွေးမြူရေးကြက်ခြံများတွင် ရောဂါစူးစမ်း ထောက်လှမ်းခြင်းနှင့် ရှင်းလင်းသုတ်သင်လိုက်သည့် ကြက် ခြံများတွင် တစ်ပတ်တစ်ကြိမ် ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်နေကြောင်း ဒေါက်တာဥာဏ်လင်းက ဆိုသည်။

ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ ဘဲများ ပြန်လည် မွေးမြူခွင့်ရမည်ဖြစ် ကြောင်း သိရသည်။
တနင်္သာရီတိုင်း အစိုးရအဖွဲ့၏ ဩဂုတ်လ ၇ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်ချက်တွင်မူ ထားဝယ်တွင် ဖြစ် ပွားနေသည့် ကြက်ငှက်တုပ်ကွေးရောဂါ ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြ ထားသည်။