လောင်းလုံးတွင် ၁၆ နှစ် အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပ

0
481

လောင်းလုံးမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂ ရက်က လောင်းလုံးမြို့ရှိ မြို့မအားကစား ကွင်းတွင် စတင်ကျင်ပခဲ့ကြောင်း သိရ သည်။

ယင်းပြိုင်ပွဲကို ဩဂုတ်လ ၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည် ဖြစ်ကာ အသင်းပေါင်း ၁၂ သင်းဝင် ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။

သက်တမ်း အလိုက်ကျင်းပမည့် မြို့နယ်၊ ခရိုင် စသဖြင့် အားကစားပြိုင်ပွဲ များအတွက် ထူးချွန်အားကစားသမား များကို ရွေးချယ်ထားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးဇေယျာဌေးက ပြောသည်။

“နယ်ကျောင်းပေမဲ့လဲ ဒီလိုမျိုးနှစ် တိုင်း ကျင်းပပေးနေရင် ကျောင်းသား တွေမှာ ငုပ်လျှိုးနေတဲ့အရည်အသွေးတွေ ပေါ်လာမယ်”ဟု ယင်းပြိုင်ပွဲတွင်ပါဝင် သည့် သကျက်တော အ.ထ.က မှ အလယ်တန်းပြဆရာ ဦးနိုင်စိုးက ပြော သည်။

တိုင်းနှင့်ပြည်နယ် အဆင့်ပြိင်ပွဲ များတွင်သက်တမ်းအလိုက်ပြိုင်ပွဲ များကိုသာ ယှဉ်ပြိုင်နေခြင်းကြောင့် တနင်္သာရီတိုင်းတွင်လည်း အလွတ်တမ်း ပြိုင်ပွဲများကို မကျင်းပတော့ဘဲ သက် တမ်းအလိုက်ပြိုင်ပွဲများကိုသာ ကျင်းပ လျက်ရှိသည်။