Y-၈ အမျိုးအစား လေယာဉ် တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ပြန်လည် ပြေးဆွဲ

0
519

Y-၈ အမျိုးအစား တပ်မတော်လေ ယာဉ်တစ်စီး တနင်္သာရီ ကမ်းရိုးတန်း ခရီးစဉ်ကို ယနေ့ ပြန်လည်ပြေးဆွဲ ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ် မှူးကြီး ကျော်ဇေယျက ပြောကြားသည်။
Y-၈ အမျိုးအစား လေယာဉ်အမှတ် ၅၈၂၀ လေယာဉ်ပျက်ကျခဲ့ပြီးနောက် နှစ်လနီးပါးအကြာတွင် မြိတ်-ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျထံမှ သိရသည်။

“Y-၈ လေယာဉ် ဒီနေ့စပြီး ပြေး ဆွဲတာ အတည်ပြုလို့ ရပါတယ်”ဟု ၎င်းက ပြောသည်။
ပြန်လည် ပြေးဆွဲမည့်အချက် အလက် (ပုံမှန်ပြေးဆွဲမည့်ရက်၊ ပြေးဆွဲ မည့် လေဆိပ်) အသေးစိတ်ကိုမူ မသိ သေးကြောင်း လုံ/နယ်ဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ဇေယျက ပြောသည်။

Y-၈ အမျိုးအစား တပ်မတော် လေယာဉ်များသည် ကုန်ပစ္စည်းများနှင့် တပ်မတော်မိသားစုဝင်များကို သယ် ဆောင်ရန် ယခင်က ရန်ကုန်- ထားဝယ် -မြိတ်-ဘုတ်ပြင်း လေဆိပ်များသို့ အပတ်စဉ်ဗုဒ္ဓဟူး နေ့တိုင်းပြေးဆွဲခဲ့ ကြောင်း လေကြောင်းလိုင်း အသိုင်း အဝိုင်းထံမှ သိရသည်။
Y-၈ အမျိုးအစား လေယာဉ် တစ်စီးသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်က မြိတ်မှ ရန်ကုန်မြို့သို့ ပျံသန်းစဉ် ထား ဝယ် အနောက်ဘက် ကမ်းရိုးတန်းတွင် ပျက်ကျခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့တွင် လေ ယာဉ် အမြီးပိုင်းနှင့်အတူလေယာဉ် မှတ်တမ်း တင်ကိရိယာ(BlackBox)ကို တွေ့ရှိ ခဲ့ပြီးBlackBox ၏ မှတ်တမ်းများအရ လေယာဉ်သည် ဆိုးဝါးသည့် ရာသီဥတု နှင့်တွေ့ကြုံခဲ့ပြီး လေယာဉ် ဦးစိုက်လည် ကျခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ် ပြန်ထားသည်။