နေ့စားလပေး ဆရာ၊ ဆရာမ သုံးရာနီးပါးကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်

0
427

တနင်္သာရီတိုင်းအတွင်း ခန့်အပ် ထားသည့် မူလတန်းပြ နေ့စားလပေး ဆရာ၊ဆရာမ သုံးရာနီးပါးကို အမြဲတမ်း ဝန်ထမ်းအဖြစ် ဩဂုတ်လ ၁ ရက်က စတင်ခန့်အပ်လိုက်ကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။

နေ့စား၊ လပေး ဆရာ၊ ဆရာမ ၂၇၄ ဦးကို မူလတန်းပြဆရာ၊ ဆရာမ များအဖြစ် ခန့်အပ်ခြင်းဖြစ်ပြီး ယင်း ဆရာ၊ ဆရာမများသည့် လက်ရှိတာဝန် ကျနေသည့် ကျောင်းများတွင် တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း အထက် ပါရုံးမှ သိရသည်။

မူလတန်း ကျောင်းတစ်ကျောင်း တွင် ကျောင်းအုပ်တစ်ဦးနှင့်အတူ လက်ထောက် ဆရာ/ဆရာမလေးဦး (၁+၄) အစီအစဉ်အရ မူလတန်းပြ ဆရာ၊ ဆရာမ လိုအပ်ချက်ရှိလာသဖြင့် ယင်းသို့ ခန့်အပ်ခြင်းဖြစ်ကြောင်း တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြော သည်။
“ဒီအတိုင်း အတိအကျတော့ မဟုတ် ဘူးပေါ့လေ။ ကျောင်းသား အရေအတွက်၊ စာသင်ခန်း အရေအတွက် ပေါ်မူတည်ပြီး ချထားပေးတာပေါ့”ဟု အထက်ပါ တာဝန် ရှိသူက ဆိုသည်။

ကျောင်းသားဦးရေ အနည်းဆုံး ၄၀ မှ ၅၀ ကြားရှိသည့် မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်တစ်ဦးနှင့် ဆရာ၊ ဆရာမ လေးဦးရှိရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လက်ရှိခန့်အပ်လိုက်သည့် ဆရာ၊ ဆရာမများမှာ ထားဝယ်ခရိုင်တွင် ၁၁၆ ဦး၊ မြိတ်ခရိုင်တွင် ၇၅ ဦးနှင့် ကော့ သောင်းခရိုင်တွင် ၈၃ ဦး စုစုပေါင်း ၂၇၄ ဦးဖြစ်သည်။

ယင်းသို့ ခန့်အပ်လိုက်ခြင်းကြောင့် တနင်္သာရီတိုင်းအတွင်း မူလတန်းပြ ဆရာ၊ ဆရာမ ၆၀၁၂ ဦးရှိလာကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် မူလတန်း ကျောင်းပေါင်း ၁၀၅၅ ကျောင်းရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။