တိုင်းအတွင်း ကလေးသူငယ်ဖြစ်ရပ်များ လျော့နည်းလာ

0
407

ကလေးသူငယ်များကျူးလွန်သည့် ခိုးမှု၊ မုဒိမ်းမှု၊ ယာဉ်တိုက်မှု အစရှိသည့် ကလေးသူငယ်ဖြစ်ရပ်များ ယခင်နှစ် ထက်လျော့နည်းလာကြောင်း တိုင်းဒေသ ကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရ သည်။

ယမန်နှစ်က ကလေးသူငယ်ဖြစ်ရပ် ၅၇ ခုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် ဇူလိုင်လ ကုန်အထိ ၁၀ ခုသာ ဖြစ်ပွားခဲ့ကြောင်း အထက်ပါဦးစီးဌာနထံမှ သိရသည်။
“ဒီနှစ်က နှစ်တစ်ဝက်ကျော်နေတာ တောင် ဒီလောက်ပဲရှိသေးတယ်။ အရင် နှစ်က ဒီလလောက်ဆိုရင် ဒီထက်များ နေပြီ”ဟု ယင်း ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝေဝေလွင်က ပြောသည်။

ကလေးသူငယ်ဖြစ်ရပ်ဖြစ်ပွားမှု လျော့ကျလာခြင်းမှာ လူမှုဝန်ထမ်းနှင့် အခြားကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေသည့်မိတ်ဖက်အဖွဲ့ အစည်းများ ပူးပေါင်းပြီး ကျေးရွာများ တွင် အသိပညာပေး ဆောင်ရွက်မူများ ကြောင့် ဖြစ်နိုင်ကြောင်း ဒေါ်ဝေဝေလွင် က ဆိုသည်။

တိုင်းအတွင်း လူမူဝန်ထမ်းနှင့် ပူးပေါင်းပြီး ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသော အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း(INGO) သုံးခု၊ အစိုးရ မဟုတ်သော ပြည်တွင်း အဖွဲ့အစည်း (LNGO) တစ်ခုရှိကြောင်း သိရသည်။