တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ ထားဝယ်တက္ကသိုလ်တွင် လျှောက်ရမည်

0
348

တနင်္သာရီတိုင်းအတွင်း တက္ကသိုလ် ဝင်တန်းအောင်မြင်ထားသည့် ကျောင်း သား၊ ကျောင်းသူများအားလုံး တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာကို ထားဝယ်တက္ကသိုလ် သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရ သည်။
အမှတ်စာရင်း၊ အရည်ချင်းမှတ်တမ်း ချုပ်၊ ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထား ရမည့် ပုံစံအိတ်ကို မိမိတို့စာမေးပွဲဖြေ ဆိုခဲ့သည့် စာစစ်ဌာနများတွင် ဩဂုတ်လ ၈ ရက်တွင် စတင်ထုတ်ယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနက ကြေ ညာထားသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ အိတ်များကို ဩဂုတ်လ ၉ ရက်နေ့မှ ၂၅ ရက်အထိ ထားဝယ် တက္ကသိုလ်တွင် လျှောက်ထားရမည်ဖြစ်ကြောင်း ထားဝယ် တက္ကသိုလ်ထံမှ သိရသည်။
“လျှောက်လွှာတွေအကုန်လုံး လက်ခံ ပေးမယ် ဘာပဲလျှောက်လျှောက် ပေါ့ လေ”ဟု ထားဝယ်တက္ကသိုလ် တာဝန်ရှိ သူတစ်ဦးက ပြောသည်။
စာစစ်ဌာနများက ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်များကို သေချာ စွာဖတ်ရန် လိုအပ်ပြီး ယင်းတွင် ဖော်ပြ ထားသည့် သတ်မှတ်ချက်နှင့် ကိုက်ညီ သည့် မည်သည့် တက္ကသိုလ်ကိုမဆို လျှောက် ထားနိုင်သည်ဟု ထားဝယ်တက္ကသိုလ်မှ အထက်ပါ တာဝန်ရှိသူက ပြောသည်။

“ကော့သောင်း၊ မြိတ်တို့ကတော့ ထားဝယ်တက္ကသိုလ်ကိုလိပ်မူပြီး စာတိုက် ကနေ လျှောက်လို့ရတယ်”ဟု ၎င်းက ပြောသည်။
သတ်မှတ်ရက် (ဩဂုတ်လ ၂၅ ရက်) ကျော်လွန်မှ လျှောက်ထားသူများ သည် အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန် မြို့သို့ ပေးပို့လျှောက်ထားရမည် ဖြစ် သည်။ လျှောက်လွှာအိတ်များကို စနေ၊ တနင်္ဂနွေရုံး ပိတ်ရက်များတွင်ပါ လျှောက်ထားနိုင်ကြောင်း ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန က ကြေညာထားသည်။