မွန်လွှတ်တော်သို့ မြေယာအငြင်းပွားမှုပြဿနာ အများဆုံးတိုင်ကြား

0
401

မွန်ပြည်နယ်လွှတ်တော် တိုင်ကြား စာ၊ အသနားခံစာများ လေ့လာသုံးသပ် စိစစ်ရေးကော်မတီသို့ လူထုမှ တိုင် ကြားလာသည့် တိုင်ကြားစာများအနက် မြေယာအငြင်းပွားမှု ပြဿနာ အများ ဆုံးဖြစ်သည်ဟု တိုင်ကြားစာ၊ အသနား ခံစာများ လေ့လာသုံးသပ် စိစစ်ရေး ကော်မတီထံမှ သိရသည်။
မွန်လွှတ်တော် တိုင်ကြားစာ၊ အသ နားခံစာများ လေ့လာသုံးသပ် စိစစ်ရေး ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် ဇူလိုင်လ ပထမအပတ်ခန့်ထိ ကော်မတီသို့ တိုက် ရိုက်တိုင်ကြားသည့် စာပေါင်း ၉၀၀ ကျော်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌမှ လွှဲပေး သည့် တိုင်ကြားစာပါဆိုလျှင် တိုင်ကြား စာပေါင်း ၁၃၀၀ ကျော်ရှိကာ ယင်း အနက် မြေယာအငြင်းပွားမှုကိစ္စ အများ ဆုံး ဖြစ်သည်။

“တော်တော်များများကတော့ ဖြေရှင်းပေးတယ် သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ လုပ်ခဲ့တဲ့ ကိစ္စက အကုန်လုံး ၇၀ ရာခိုင်နှုန်းလောက် ကတော့ အကောင်အထည်ဖော်ဖြစ်တယ်၊ တချို့ လွှတ်တော်က လုပ်လို့မရပေမယ့် သက်ဆိုင်ရာအစိုးရအဖွဲ့က လုပ်ပေးလို့ ရရင်သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဟာကတော့ အများဆုံးပေါ့” ဟု တိုင် ကြားစာ၊ အသနားခံစာများ လေ့လာ သုံးသပ်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။
တိုင်ကြားစာ၊ အသနားခံစာများ လေ့လာ သုံးသပ်စိစစ်ရေးကော်မတီ အနေဖြင့် တိုင်ကြားစာကိစ္စများကို ဖြေရှင်း ဆောင်ရွက်ရာတွင် မြေပြင်ထိကွင်း ဆင်း စစ်ဆေးရမည့်ကိစ္စများကို ကွင်းဆင်း စစ် ဆေးပြီး ဖြစ်ရပ်များအပေါ် အခြေခံကာ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ဖြေရှင်းပေး ကြသည်။

“တိုင်ကြားတဲ့ စာတွေက မြေယာ ပြဿနာက အများဆုံးပဲ၊ ကျနော်တို့ဆီ တိုင်ကြားစာရောက်လာရင် ကျွန်တော် တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို အသိပေးတယ်၊ အကြံပေးတယ်၊ လုပ်ပေး ရမယ့်အပိုင်းကတော့ သူတို့ (အစိုးရ) အပိုင်းပေါ့”ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
မွန်လွှတ်တော်ရေးရာ ကော်မတီ တွင် ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီ၊ ဥပဒေအကြံပြု စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြား စာနှင့် အသနားခံစာများ လေ့လာသုံး သပ်စိစစ်ရေးကော်မတီ စသည့် ကော်မတီ ၆ ရပ်ကို ဖွဲ့ စည်းခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည် နယ်လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင် ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၆၆၁ စောင်ရှိခဲ့သည်ဟု ပြည်နယ် လွှတ်တော်ရုံးထံမှ သိရသည်။
အဆိုပါတိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး တိုင်ကြား စာ ၃၇၀ စောင်ကို ဖြေရှင်းပေးနိုင်ခဲ့သည် ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။