ကော့သောင်းဒေသဖွံဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် အချက်ပေါင်း သုံးရာကျော် ဆွေးနွေး

0
426

ဩဂုတ်လ ၃ ရက်နေ့က ကျင်းပ သည့် ဒုတိယအကြိမ် ကော့သောင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး ပွဲတွင် တက်ရောက်လာသူများက အချက်ပေါင်း သုံးရာကျော် ဆွေးနွေး ခဲ့ကြောင်း ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီများထံမှ သိရသည်။
ဆွေးနွေးပွဲကို တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင် ရာများ ဦးဆောင်ပြီး ကဏ္ဍ ၉ ခုကို နေရာ (၇)နေရာခွဲကာ အသီးသီး ဆွေး နွေးခဲ့ကြပြီး အချက်ပေါင်း ၃၁၆ ချက်ကို ဆွေးနွေးခဲ့ကြောင်း အထက်ပါ ကော်မတီ များထံမှ သိရသည်။

ဆွေးနွေးချက်များထဲတွင် တိုင်း ဒေသကြီး အစိုးရအဆင့် လုပ်နိုင်သည့် ကိစ္စရပ်များ အားလုံးကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား တွင် ဝန်ကြီးချုပ်က ဒေါက်တာလဲ့လဲ့မော် က ပြောသည်။
ပြည်ထောင်စုအဆင့်က ဆုံးဖြတ်မှ ရမည့် ဆွေးနွေးချက်များကိုလည်း တိုင်း အစိုးရအနေဖြင့် တင်ပြပေးသွား မည်ဟု ဝန်ကြီးချုပ်က ဆိုသည်။
ဒုတိယအကြိမ် ကျင်းပခဲ့သည့် ဒေသဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ အပေါ်အားရ ကျေနပ်မှုမရှိဟု ဆွေးနွေးပွဲ တက်ရောက်လာသူတချို့က ဝေဖန်မှုများ ရှိသည်။

“တကယ်တမ်းက မနှစ်ကဆွေးနွေး ချက်တွေထဲက ဘယ်ဟာကို အကောင် အထည်ဖော်နိုင်တယ်၊ ဘယ်ဟာကို လိုအပ်ချက် အနေနဲ့ ထပ်ပြုပြင်သင့်တယ် ဆိုတာကို ဒုတိယအကြိမ် ဆွေးနွေးပွဲ မတိုင်ခင် ကြိုလုပ်သင့်တယ်လို့ မြင်တယ်” ဟု ခရိုင်ငါးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးမင်းလွင် က ပြောသည်။
ပထမအကြိမ် အလုပ်ရုံဆွေးနွေး ပွဲကို ၂၀၁၆ခုနှစ် ဇူလိုင် ၅ရက်နေ့က ကျင်းပခဲ့ဖူးသည်။