HIV ရောဂါပိုး အသက်နှစ်ဆယ်ဝန်းကျင် လူငယ်များတွင် တွေ့လာ

0
413

ခုခံအားကျဆင်းမှု ရောဂါပိုး (HIV)တွေ့သည့် လူနာအသစ်များတွင် အသက် ၂၀ နှစ်ဝန်းကျင် လူငယ်များ ပါဝင်လာကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါ တိုက်ဖျက် ရေးအဖွဲ့ထံမှ သိရသည်။

ယခင်က HIV ပိုးကို လူလတ်ပိုင်း ဖြစ်သည့် အသက် ၃၀၊ ၄၅ နှစ် အရွယ် များတွင်သာ တွေ့ရပြီး လက်ရှိတွင် အသက် ၂၀ ဝန်းကျင် လူငယ်များ တွင်လည်း တွေ့လာရကြောင်း တိုင်း ဒေသကြီး ခုခံကျ /ကာလသား ရောဂါ တိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံ ဒေါက်တာ ကျော်တင့်ထွန်းက ဆို သည်။

“သူတို့ပြန်ပြောပြတာက လိင်တူ (အမျိုးသားချင်း) ဆက်ဆံတာတွေ လုပ်ခဲ့တယ်လို့ ပြောတယ်”ဟု ဒေါက်တာ ကျော်တင့်ထွန်းက ပြော သည်။
တစ်လလျှင် HIVပိုးတွေ့ လူနာ အသစ် ၅ ဦးခန့် ရှိပြီး အများအားဖြင့် အိမ်ထောင်ဆက်များသူ၊ လိင်တူဆက်ဆံ သူများတွင် အများဆုံးတွေ့ရကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီး ခုခံကျနှင့် ကာလ သားရောဂါ တိုက်ဖျက်ရေးအဖွဲ့တွင် ဇူလိုင်လအထိ ကုသပေးနေသည့် HIV၊ AIDS လူနာ ၃၂၄၈ ဦးရှိပြီး နယ် စည်းမထား ဆရာဝန်များအဖွဲ့ ဆွစ်ဇာ လန် (ထားဝယ်စီမံကိန်း) က ကုသပေး နေသည့် လူနာများလည်း ရှိသည်။