ကြက်သွန်ဈေး ကျရိပ်ပြ

0
435

ဇူလိုင်လလယ်မှစ၍ တစ်ရက်ထက် တစ်ရက် ထိုးတက်ခဲ့သည့် ကြက်သွန် နီဈေးသည် ဩဂုတ်လအစပိုင်းရက် များတွင် တည်ငြိမ်သွားပြီး ယခု ဩဂုတ် ၄ ရက်နေ့တွင် အနည်းငယ် ပြန်ကျ လာကြောင်း ထားဝယ်ဈေးကွက် အတွင်း မှ သိရသည်။

ကြက်သွန် တစ်ပိဿာ ကျပ် ၁၂၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ဇူလိုင်လ ဒုတိယ ပတ်မှစကာ တရိပ်ရိပ် ဈေးတက်လာပြီး ဩဂုတ်လဆန်းတွင် ကျပ် ၁၈၀၀ ဝန်းကျင်ထိဖြစ်လာခဲ့ပြီးနောက် ယင်းသို့ ကျရိပ်ပြခြင်းဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များ က ပြောကြသည်။

လက်ရှိတွင် ကြက်သွန်နီ အရည် အသွေးပေါ် မူတည်၍ တစ်ပိဿာ ကျပ် ၁၇၀၀၊ ၁၈၀၀ ဝန်းကျင်ဖြင့် ရောင်းချ လျက်ရှိပြီး ယမန်နေ့ကထက် တစ်ပိဿာ ကျပ် ၅၀ ခန့် ဈေးကျသွားကြောင်း ပွဲရုံ ပိုင်ရှင်များက ပြောကြသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ခန့်တွင် ထားဝယ်ဈေးကွက်၌ ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ဝန်းကျင်အထိ ဖြစ်ခဲ့ဖူး ကြောင်း သိရသည်။