ထားဝယ်မြို့နယ် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ တနင်္လာနေ့ဗိုလ်လုမည်

0
789

ထားဝယ်မြို့နယ် ကျေးရွာပေါင်းစုံ အသက် ၂၂နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဩဂုတ်လ ၇ ရက်၊ တနင်္လာနေ့တွင် တိုင်းအားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်လုပွဲကို ရှင်မုတ္ထီးအသင်းနှင့် တလိုင်းတောင်အသင်းတို့က ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
အကြိုဗိုလ်လုပွဲစဉ်များတွင် ရှင်မုတ္ထီးအသင်းက ဇဟာအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး တလိုင်း တောင်အသင်းက ရောင်းမော် အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲ တက်ခဲ့ကြခြင်းဖြစ်ကြောင်း ထားဝယ်မြို့ နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ထံမှ သိရသည်။

ထားဝယ်မြို့နယ် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။