ထားဝယ်တွင် ကြက်ငှက်တုပ်ကွေး တွေ့သည့် ကြက်ခြံ အရေအတွက် ၁၄ ခြံရှိလာ

0
395

ထားဝယ်မြို့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ် တွေ့သည့် ကြက်ခြံ အရေအတွက်မှာ ဩဂုတ်လ ၃ ရက်နေ့အထိ ၁၄ ခြံရှိ လာကြောင်း တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။
H5N1 စတင်တွေ့ရှိသည့် ကြက် ခြံမှ ၁ ကီလိုမီတာအတွင်း(ရောဂါဖြစ်ပွားဇုန်)ရှိ ကြက်ခြံ ၆ ခြံနှင့် ၅ ကီလိုမီတာ (ထိန်းချုပ်ဇုန်) အတွင်းရှိ ကြက်ခြံ ၈ ခြံတွင် ပိုးတွေ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်း ဒေသကြီး ဦးစီးမှူးက ဆိုသည်။

ရောဂါဖြစ်ပွားဇုန်တွင် ကြက်မွေး မြူရေးခြံ ၁၄ ခြံနှင့် ထိန်းချုပ်ဇုန်တွင် ၃၁ ခြံ ရှိသည်။
“ဒီဇုန်တွေထဲက ကြက်ခြံတွေကို ရောဂါစူးစမ်းရှာဖွေရေး အဖွဲ့တွေက နေ့စဉ် ရှာဖွေတာတွေ လုပ်နေပါတယ်”ဟု တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ဥာဏ်လင်းက ပြောသည်။
အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 စတင်တွေ့ရှိသည့် ဝဲကျွန်း ထိန် သစ်ရပ်ကွက်အပြင် ဝဲကျွန်းထိန်လယ်၊ ဝဲကျွန်းမြို့သစ်၊ ညောင်ရမ်းတောင်၊ ဆန်းချီ၊ ကျွန်းမွေးနှင့် ဆင်ဆိပ် ရပ်ကွက် များရှိ ကြက်ခြံများတွင် တွေ့ရခြင်း ဖြစ်သည်။

ကြက်ငှက်တုပ်ကွေး စတွေ့ချိန်မှ ဩဂုတ်လ ၃ ရက်နေ့အထိ ကြက်ကောင် ရေ နှစ်သောင်းကျော်နှင့် ဘဲ ၁၂၅ ကောင် ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး တိမွေးကု ဦးစီးဌာနထံမှ သိရသည်။
ထားဝယ်မြို့တွင် ဖြစ်ပွားနေသည့် အပြင်းစား ကြက်ငှက်တုပ်ကွေးမှာ ဩ ဂုတ်လ ၃ ရက်နေ့အထိ လူသို့ ကူးစက်မှု မရှိကြောင်း တိုင်းဒေသကြီး ပြည် သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရ သည်။

H5N1 ဗိုင်းစ်ရပ် နောက်ဆုံးတွေ့ရှိ သည့်နေ့မှ ၂၁ ရက်အတွင်း ရောဂါဖြစ် ပွားမှု မရှိပါကကန့်သတ်မှုများကို (ဇုန် သတ်မှတ် ထားခြင်းများ) ရုပ်သိမ်း မည်ဖြစ်ပြီး ရောဂါနှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်ကာ ရောဂါ ကင်းစင်ကြောင်း ကြေညာရ မည်ဖြစ် ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။
ရောဂါကင်းစင်ကြောင်း ကြေညာ ပြီး ရက်ပေါင်း ၉၀ ပြည့်မှသာ ကြက်၊ဘဲ များ ပြန်လည် မွေးမြူခွင့်ရမည် ဖြစ် ကြောင်း သိရသည်။