ထားဝယ်တွင် ကြက်ငှက်တုပ်ကွေးကန့်သတ် ဧရိယာအတွင်းရှိ မူလတန်းကျောင်းများ ဆက်ပိတ်

0
444

အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားသည့် ကြက်ခြံမှ ၁၀ ကီလိုမီတာ၊ ကန့်သတ်ဧရိယာအတွင်းရှိ အခြေခံပညာကျောင်း ၁၃၄ ကျောင်းတွင် မူလတန်းများကို ကျောင်းဆက်ပိတ်ခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် အပတ်က ကြက်ငှက် တုပ်ကွေး H5N1 တွေ့ရှိသည့်အတွက် ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ဇူလိုင်လ ၂၇ ရက်မှ ၃၁ ရက်အထိ ၅ ရက်ကြာပိတ် ထားခဲ့သည်။

ထိုသို့ ပိတ်စဉ်က ထားဝယ်မြို့နယ် အတွင်းရှိ ကျောင်းများကိုသာ ပိတ်ပြီး ကန့်သတ်ဧရိယာအတွင်း ကျရောက်နေ သည့် အခြားမြို့နယ်များမှ ကျောင်း များကို မပိတ်သည့်အတွက် ဝေဖန်မှုများ ရှိခဲ့သည်။
ယခုကဲ့သို့မူလတန်းနှင့် ကျောင်း အခြေပြုမူကြိုအတန်းများကို ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ကျောင်းဆက် ပိတ်သည့်အချိန်တွင် အခြားမြို့နယ် များမှ ကျောင်းများကိုလည်း ထည့်သွင်း ပြီး ပိတ်ခဲ့ခြင်း ဖြစ်သည်။

“အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေက ကိုယ်ခံ အားစနစ် ကောင်းတဲ့ အရွယ်တွေဖြစ်နေလို့ ပြန် ဖွင့်မှာပါ”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ပြောသည်။
အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများမှာမူ ဩဂုတ်လ ၁ ရက်တွင် ကျောင်းပြန်တက်ရသည်။
ထားဝယ်မြို့နယ်တွင်စာသင် ကျောင်း ၇၉ကျောင်း၊ လောင်းလုံးတွင် ၄၅ ကျောင်း၊ ရေဖြူတွင် ၁၀ ကျောင်း စုစုပေါင်း ၁၃၄ ကျောင်းမှ မူလ တန်း များကို ဆက်ပိတ်ခြင်း ဖြစ်သည်။
ထားဝယ်တွင် ကြက်ငှက်တုပ်ကွေး H5N1 ရောဂါဖြစ်ပွားနေသည်မှာ၁ ပတ်ကျော်ပြီဖြစ်သည်။