တုန့်ပြန်မှုမြန်ဆန်ရေး

0
492

ထားဝယ်တွင်ဖြစ်ပွားသည့် ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်ပြီး အားမရဆုံးမှာ တုန့်ပြန်မှုနှေးကွေးခြင်း ဖြစ်သည်။ ယနေ့ကဲ့သို့လူမှုမီဒီယာများ ထွန်းကားသည့်ခေတ်၊ သတင်းမီဒီယာထွန်းကားသည့်ခေတ်တွင်ဒေသတွင်း ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများနှင့်ပတ်သက်ပြီး မှန်ကန်လျှင်မြန်စွာတုန့် ပြန်နိုင်ရေးမှာအင်မတန် အရေးကြီးပေသည်။

သတင်းဌာနများသည်သတင်းများ၊ ဆောင်းပါးများကိုသတင်းစာ ကျင့်ဝတ် နှင့် အညီဖော်ပြကြသည့်အတွက် စိုးရိမ်ဖွယ်မရှိ။ သို့သော် Fackbook ကဲ့ သို့သော လူမှုမီဒီယာကိုမူ ထိန်းချုပ်ရန်ခက်သည်။ သတင်းအမှားဖြစ်စေအမှန်ဖြစ်စေ၊ အယူအဆသုံးသပ်ချက်အမှားဖြစ်စေ အမှန်ဖြစ်စေ လူမှုမီဒီယာများတွင်စက္ကန့်အနည်းငယ်အတွင်း လျင်မြန်စွာပျံ့နှံနိုင်ပေသည်။

ထားဝယ် ဥပမာအရဆိုလျှင်အပြင်းစား ကြက်ငှက်တုပ်ကွေး (H5N1) နှင့်ရာသီ တုပ်ကွေး(H1N1) နှစ်ခုစလုံးဖြစ်ချိန်တွင် လူထုစိုးရိမ်မှု တဟုန်ထိုးတက် သွားခဲ့သည်။ အထူးသဖြင့် လူမှုကွန်ရက်သုံးသူများအကြားတွင် ဖြစ်သည်။ အခြားကြောင့်မဟုတ် ယခုအပတ်အတွင်း ဆရာဝန်တစ်ဦး၏ အမည်ဖြင့် ရေးသား ထားသည့် သုံးသပ်ချက်တစ်ခုမှာ လူထုကြား ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသည်။
သူ့သုံးသပ်ချက်မှာ အထက်ပါတုပ်ကွေးပိုး နှစ်ခုပေါင်းမိပြီး မျိုးကွဲထပ်ပေါ် ပါက အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်နိုင်သည်ဟူသည့် သဘောမျိုးဖြစ် သည်။ ထို့ကြောင့် လူထူစိုးရိမ်မှု ထိုးတက်သွားခြင်း ဖြစ်သည်။

ဒေသအတွက် စိုးရိမ်သည့်အတွက် မိတ်ဆွေဆရာဝန်တစ်ဦးနှင့် ဆွေးနွေး ဖြစ်သည်။
သူ့အဆိုအရ အဆိုပါသုံးသပ်ချက်သည်မမှန်။
ထိုသုံးသပ်ချက် မမှန်ကြောင်းကို သက်ဆိုင်ရာကသိပေမည်။ အဘယ်ကြောင့် လူထုစိုးရိမ်မှုလျော့ရေး မတွေးမိပါသနည်း တွေးမိသည်။
ကြက်ငှက်တုပ်ကွေး၊ ရာသီတုပ်ကွေးများနှင့်ပတ်သက်ပြီး လူထုအစိုးရိမ် မလွန်ရန် သက်ဆိုင်ရာဌာနများ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာများမှနား လည်လွယ်သည့်ပုံစံဖြင့် တုန့်ပြန်သင့်သည့်အချက်များစွာ တွေ့ရသည်။

ထို့ကြောင့်လူထုအစိုးရိမ်မလွန်ရေးကိုအလေးထား တုန့်ပြန်သင့်ကြောင်း ထောက်ပြလိုရင်း ဖြစ်သည်။
အလေးထားတုန့်ပြန်သည်ဟု ဆိုရာတွင် သုံးသပ်ချက်အမှားတင်သူ ဖြန့်ဝေသူများကို ပြဿာနာရှာရန်မဟုတ်။
မှန်ကန်သည့်သုံးသပ်ချက်များဖြင့် တုန့်ပြန်ကာလူထုကလိုအပ်သည်ထက် မစိုးရိမ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။