ရတက်ပွေ တုပ်ကွေး

0
504

ထားဝယ်တွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ (H5N1) သာမက ရာသီတုပ်ကွေး (H1N1) ပါရှိလာပြီ ဖြစ်သည်။
လူထု ရတက်ပွေရသည်။
ယင်းပူပန်ရမှုသည် ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံတချို့တွင် ဇူလိုင်လ ၁၆ ရက်မှစပြီး ကြက်ကောင်ရေ ထောင်ချီသေဆုံးရာကစသည်။
အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါ (H5N1)မှာ ထားဝယ်မြို့ပေါ်ရှိ ကြက်ခြံအချို့တွင် ဖြစ်ပွားခဲ့သည်။ ကြက်ဥနှင့် ကြက်သား ရောင်းဝယ်ခွင့် ပိတ်ထားသည်။ ထားဝယ်မြို့နယ်အတွင်း စာသင်ကျောင်းများကို ပိတ်သည်။

ယင်းသို့ ကြက်ငှက်တုပ်ကွေး ကြောင့် ပူပန်နေချိန် ဇူလိုင်လ ၂၈ ရက် ညတွင် စောင့်ကြည့်လူနာများအနက် ရာသီတုပ်ကွေး (H1N1) ရောဂါသည် လူနာတစ်ဦးတွေ့သည်ဟု ထားဝယ်ဆေး ရုံးအုပ်ကြီးထံမှ သိရသည်။
ထိုသတင်းက တစ်မုဟုတ်ချင်း ပြန့်သွားသည်။

ရာသီတုပ်ကွေးပါဖြစ်နေသည်ဟု သိရချိန်တွင် လူထု၏ စိုးရိမ်မှုမှာ ယခင် ကြက်ငှက်တုပ်ကွေး စဖြစ်ချိန်က ထက် မြင့်တက်လာသည်။
“လူတွေထပ်ပြီး တစ်ယောက်နဲ့ ပို့ထားပြီး မကြာမီရက်ပိုင်းတွင် အဖြေသိ ရမည်ဖြစ်ကြောင်း သိရသည်။
“စိုးရိမ်နေတယ် အဲဒီရောဂါကူးပြီး ရောဂါဖြစ်မှာကိုစိုးရိမ်တာ ဆေးကုရမှာ လည်းကြောက်တယ် သေမှာကိုလည်း ကြောက်တယ်”ဟု ဇလွန်းကျေးရွာမှ မသီရိဆုမြတ်နိုးက ပြောသည်။

ကြက်ငှက်တုပ်ကွေး(H5N1) နှင့် ရာသီတုပ်ကွေး (H1N1) များကြောင့် လူထုစိုးရိမ်ပူပန်မှုအခြေအနေမှာ သတင်း အချက်အလက် ရရှိမှုအပေါ်မူတည်နေ သည်။
လောင်းလုံးမြို့နယ်၊ အင်းကြီးကျေး ရွာမှ ဦးရွှေသန်းက ရောဂါနှင့် ပတ် သက်၍ ကောင်းစွာမသိရှိသောကြောင့် စိုးရိမ်ပူပန်ခြင်း မရှိကြောင်း ပြောသည်။
“သူများတွေ(နှာခေါင်းစည်း) တပ်နေတာတော့တွေ့တယ် အဲဒါကိုတွေး နေတာ နွေရာသီလည်း မဟုတ်ဘဲနဲ့ တပ်နေကြတယ်လို့။ နှာခေါင်းစည်း ဆိုတာ ဖုန်မဝင်အောင် သုံးတယ်လို့ပဲ သိထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရောဂါများကို စိုးရိမ်သူ များမှာ ပိုမိုစိတ်ချရသည့် N95အမျိုး အစားနှာခေါင်းစည်းများကို ဝယ်ယူ တပ်ဆင်လိုကြသော်လည်း ယင်းနှာ ခေါင်းစည်းများမှာ ထားဝယ်ဈေးကွက် တွင် မရှိသေးပေ။
“ဆိုင်မှာဝယ်တော့ ဒီ ၅၀ တန်ပဲ ပေးလိုက်တယ်၊ သူများတွေ တပ်နေတာ ပုံစံအဝိုင်းတွေတော့တွေ့တယ်။ အခုတပ် နေတာ ထက်တော့ ပိုကောင်းမယ်ထင် တယ် လွယ်လွယ်ကူကူဝယ်လို့ရရင် ဝယ် ချင်တယ်”ဟု ထားဝယ်မြို့တွင် သုံးဘီး ဆိုင်ကယ်ဖြင့် ထီလှည့်လည် ရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်တွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါနှင့် ပတ်သက် ပြီး ဝေဖန်မှုများစွာအနက် ၂ ခုမှာ ရောဂါ ဖြစ်ပွားကြောင်း သတင်းထုတ်ပြန်မှု နှောင့်နှေးခြင်းနှင့် ထားဝယ်မြို့နယ် အတွင်းရှိကျောင်းများသာပိတ်ပြီး မြစ် တစ်ခုသာခြားသည့် လောင်းလုံးမြို့နယ် ကို ကျောင်းမပိတ်ခြင်းကိစ္စ ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထား ဝယ်တိုင်းရင်းသားများပါတီကလည်း ဇူလိုင်လ ၂၇ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထားဝယ်မြို့နယ်တွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကြက်ခြံများ၊ ဘဲသား ပေါက်ရောင်းချသူနှင့် တနိုင်တစ်ပိုင်မွေး သူများထံမှ ကြက်၊ ဘဲ ကောင်ရေ နှစ်သောင်းကျော် ရှင်းလင်းပြီးဖြစ် ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

H5N1 ၊ H1N1 ရောဂါများနှင့် ပတ်သက်၍ လူနာများ၏ အခြေအနေ အားစောင့်ကြည့်ခြင်း၊ ကျန်းမာရေးဌာနမှ တင်ပြလာသည့် အစီရင်ခံစာများစောင့် ကြည့်ခြင်းများကို လုပ်ဆောင်လျက်ရှိ ကြောင်း တိုင်းအစိုးရအဖွဲ့မှ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
ရာသီတုပ်ကွေး(H1N1) ရောဂါ ထက်ကြက်ငှက်တုပ်ကွေး (H5N1) ရောဂါဖြစ်မည်ကို ပိုမိုစိုးရိမ်ရသည့် အတွက် ကြက်ခြံများရှင်းလင်းခြင်း၊ အရေးပေါ် ကျောင်းပိတ်ခြင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြက်နှင့် ကြက်ဥ ကူးသန်းရောင်းဝယ်ခွင့် ပိတ်ခြင်း စသဖြင့် လုပ်ဆောင်လျက်ရှိ ကြောင်း ၎င်းက ပြောသည်။

၎င်းအပြင် တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်သည့် အမိန့်ကြေညာများကို မလိုက်နာသူများရှိပါက အရေးယူနိုင်ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးဟိုပင်က ဆိုသည်။
“ပြည်သူတွေအနေနဲ့ သိပ်ပြီးအစိုး ရိမ်မလွန်ဖို့ ပြောချင်ပါတယ်။ တိုင်းအစိုး ရအဖွဲ့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက် တာတွေ လုပ်ဆောင်နေပါတယ်”ဟု ဝန်ကြီးဦးဟိုပင်က ပြောသည်။
ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် ကြက်များရှင်းလင်းခဲ့ရသည့် ကြက်ခြံ များအတွက် အကူအညီပေးနိုင်ရန် တိုင်း အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်တွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး ဂယက်ကြေင့် မြိတ် နှင့်ကော့သောင်း အပါအဝင် တနင်္သာရီ တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ကြက်ဥ၊ ကြက်သားများ ရောင်းချခွင့် ပိတ်ထားကြသည်။