လက်ပစ်ဗုံးဖြင့် ခြိမ်းခြောက်သူကို လက်နက်ပုဒ်မဖြင့် အမှုဖွင့်

0
321

ထားဝယ်မြို့ ကြက်သံဒိုင်းဘုရား လမ်းဆုံတွင် ဇူလိုင်လ ၂၆ ရက် ညက လက်ပစ်ဗုံးဖြင့် ခြိမ်းခြောက်သူကို လက် နက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ထား ဝယ်မြို့မရဲစခန်းထံမှ သိရသည်။
ကြက်သံဒိုင်းလမ်းဆုံ(ရွှေဝယ်သီရိကစားကွင်းလမ်း)တွင် ကားပေါ်လိုက် ပါလာသည့် မြန်မာဘီယာ ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်း ၈ ဦးကို အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အသက် ၃၈ နှစ် အရွယ်အမျိုးသားကို လက်နက်ပုဒ်မ-၁၉(စ) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

မေတ္တာမြို့တွင် နေထိုင်သည့် အဆိုပါအမျိုးသားမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၄ မှ တပ်ကြပ်အဆင့်ရှိသူဟု သိရပြီး စိစစ်ဆဲ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အရောင်းဝန်ထမ်း အမျိုးသမီးများ ကို တင်ဆောင်ထားသည့် ကားကို လက်ပစ် ဗုံး ကိုင်ဆောင်ထားသည့် ဆိုင်ကယ်စီး အမျိုးသားနှင့် အဖော်တစ်ဦးက”ဗုံးပစ် သွင်းမည်”ဟု ပြောဆိုကာ ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ကားပေါ် ပါသည့် အမျိုးသမီးများက ပြောသည်။

“ကားကရပ်ထားပြီး ကျန်နေတဲ့ ဝန်ထမ်းတွေကို စောင့်နေတယ်။ ကောင် မလေးတွေကို အတင်းလိုက်ဆွဲတယ်။ လက်ထဲမှာ ဗုံးလိုအရာတစ်ခုကိုင်ထား တယ်”ဟု ကားပေါ် လိုက်ပါလာသည့် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။

ယင်းအချိန်တွင် လှည့်ကင်းလှည့် လာသည့် ရဲတပ်ဖွဲ့ဝင်အချို့ ရောက်ရှိလာ ကာ အမျိုးသား ကို ဖျောင်းဖျ ပြောဆိုပြီး လက်ထဲမှ ဗုံးကို လုယူခဲ့ကြောင်း အခင်း ဖြစ်ရာနေရာအနီးရောက်ရှိနေသည့် မျက်မြင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ဗုံးဖြင့် ခြိမ်း ခြောက်ခဲ့သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်။